Wednesday, July 8, 2015

အသားအမျိုးမျိုး နှင့် ရောဂါအထွေထွေ


အခုတလော ခေတ်စားနေတဲ့ Hot Dog စက်လေးတွေနဲ့ ကင်ပြီး ရောင်းချနေတဲ့ ဝက်အူချောင်း၊ ကြက်အူချောင်းတွေ တရုတ် စားသောက်ဆိုင် တွေမှာ အလွယ်တကူ မှာလို့ရတဲ့ ကြက်သားမွှကြော် တွေကို အဆင့်ဆင့် ပြင်ဆင် ချက်ပြုတ်ရတာ ဖြစ်တဲ့အတွက် ဗက်တီးရီးယား ကင်းစင်မှု ရာခိုင်နှုန်း မြင့်မားပါတယ်။ ဒါကြောင့် လူကို အန္တရာယ် ဖြစ်နိုင်ခြေ နည်းပါတယ်။ ဒါပေမဲ့ အဲဒီလို အဆင့်ဆင့် ပြင်ဆင် ချက်ပြုတ်တဲ့ အခါ အသုံးပြုရတဲ့ အနံ့ ၊ အရသာ ပါဝင်ပစ္စည်း တွေကြောင့် အဲဒီ အစားအစာ တွေဟာ ကာဗို ဟိုက်ဒရိတ် လွန်ကဲ နေတတ်ပြီး လူကို အဆီတိုး စေတယ်ဆိုတာ ဂရုပြုရပါမယ်။

ဝက်သား

ဒုတိယကမ္ဘာစစ် ကာလက အစာရေစာ ရှားပါးတော့ အိမ်မှာ မွေးထားတဲ့ ၀က်အပါအ၀င် တိရစ္ဆာန် များကို အစာရေစာ မကျွေး နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဝက်ဆိုတဲ့ သတ္တဝါကတော့ အခြား အိမ်မွေး တိရစ္ဆာန် တွေရဲ့ မစင်ကိုစားပြီး ရှင်သန် နိုင်တာကို တွေ့ခဲ့ကြပြီး တဲ့နောက် မီးဖိုချောင်ထွက် အညစ်အကြေး တွေရော၊ လူကနေ ထွက်တဲ့ အညစ်အကြေး တွေကိုပါ ပေါင်းပြီး ဝက်တွေကိုကျွေး ၊ အသားတိုး အောင်လုပ်၊ တစ်ခါ အဲဒီ ဝက်တွေကို အသားပေါ်ပြီး ပြန်စား လုပ်ခဲ့ကြတဲ့ အစဉ်အလာဟာ ဒီနေ့ ဒီအချိန်ထိ ပါပဲ။ အချို့ ဝက်မွေးသူ တွေက အိမ်တကာက မီးဖိုချောင်တွေ ကနေ စွန့်ပစ်ထားတဲ့ ထမင်း၊ ဟင်း အကျန်တွေကို ပေါင်းပြီး ဝက်တွေကို ကျွေးမွေး နေကြဆဲ ဖြစ်ပါတယ်။ ဒီတော့ ဝက်သားဟာလဲ တုတ်ကောင်တွေ ပါတယ်၊ လူကို ဝစေတယ်၊ မသန့်ရှင်းတဲ့ အစားအစာ တွေကိုစားပြီး အသားတိုး လာတယ် အစရှိသဖြင့် နာမည်ဆိုးနဲ့ ကျော်ကြား တော့တာပဲပေါ့။ ဒါပေမဲ့ ဝက်သားကို ကောင်းကောင်း ကျက်အောင် ချက်မယ်ဆိုရင် လူကို အန္တရာယ် ဖြစ်နိုင်ခြေ အလယ်အလတ် အဆင့်ပဲ ရှိပါတယ်။

အအေးခံထားသောအသားများ

အသားတွေကို အအေးခံ လိုက်မယ် ဆိုရင် မချက်ခင်မှာ အဲဒီအသားခဲ နေတာကို သဘာဝ အတိုင်း အရည်ပျော်အောင် လုပ်ဖို့ အရေးကြီး ပါတယ်။ အိမ်ရှင်မ အများစုဟာ ရေခဲသေတ္တာ ထဲက အေးခဲမာတောင့် နေတဲ့အသားကို ရေနွေးပွက်ပွက် ဆူထဲ ပစ်ထည့်တတ်ကြ ပါတယ်။ အဲဒါဟာ အသားထဲမှာ ပါတဲ့ လစ်စတီးရီးယား ပိုးကို မသေစေ နိုင်ဘူးလို့ ပညာရှင်တွေက သတိပေးထား ပါတယ်။ လစ်စတီးရီးယား ပိုးကြောင့် ဝမ်းကိုက်၊ ဝမ်းလျှော၊ အော့အန်ခြင်း ပြင်းထန်စွာ ဖြစ်စေနိုင်ပြီး အရပ်အခေါ် အစာ အဆိပ်သင့် တဲ့ ဝေဒနာကို ခံစားရပါတယ်။ အခန့်မသင့်ရင် အသက် ဆုံးရှုံးနိုင်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ သားပျက်၊ သားလျှော နိုင်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ကောင်းမွန်တဲ့ သာမန် လူငယ်တွေက လစ်စတီးရီးယား နည်းနည်း ပါလာတာ လောက်ကို ခြေဖျက်နိုင်စွမ်း ရှိတဲ့အတွက် အအေးခံ အသားတွေရဲ့ လူအား အန္တရာယ် ဖြစ်စေနိုင်ခြေကို အလယ်အလတ် အဆင့်လို့ပဲ သတ်မှတ်ထား ပါတယ်။

အသားခြောက်များ

လူကို အန္တရာယ် ဖြစ်စေနိုင်ခြေ မြင့်မားပါတယ်။ သာမန် အသားတွေမှာ ဗက်တီးရီးယား က အပေါ်ယံလွှာ မှာပဲရှိတဲ့ အတွက် ချက်ပြုတ် လိုက်တဲ့အခါ ဒီပိုးတွေ သေသွားပါတယ်။ အသားခြောက်တွေ ကိုကျတော့ ထုပ်ပိုးရ လွယ်အောင်၊ အမြင်လှအောင် အချောင်းလိုက် လှီးတာ ၊ အပြားလိုက် လှီးတာ လုပ်ရပါတယ်။ အဲဒီလို လှီးတဲ့အခါ အသား မျက်နှာပြင်ပေါ်က ဗက်တီးရီးယား တွေကို အသားရဲ့ အလယ်ခေါင်ထဲ နစ်ဝင် သွားအောင် ဓားသွားက တွန်းပို့ပေး ပါတယ်။ ဒါကို မကျက်တကျက် ကင်တာတို့၊ ချက်ပြုတ် စားသောက်တဲ့ အခါမှာ ပွက်ပွက် ဆူအောင် မပြုတ်ဘဲ ဒီအတိုင်း ချက်လိုက်တာတို့ လုပ်မယ်ဆိုရင် လစ်စတီးရီးယား ဗက်တီးရီးယား တွေကို လက်နဲ့ခပ်ယူပြီး မျိုချနေတဲ့ အတိုင်း ဖြစ်နေမှာပါ။

ကြက်သား

လူကို အန္တရာယ် ဖြစ်စေနိုင်ခြေ အမြင့်ဆုံး ဖြစ်ပါတယ်။ ကြက်သားက ဘာဖြစ်လို့ လူကို အန္တရာယ် ဖြစ်စေနိုင်ခြေ အမြင့်ဆုံးလဲ လို့ မေးလာမယ် ဆိုရင်တော့ လူတွေစားတာ အများဆုံး ဖြစ်လို့ပါ။ ဝက်၊ အမဲ အစရှိတာ တွေကို လူတိုင်း မစားကြ ပေမယ့် ကြက်သားကိုတော့ လူတိုင်း စားပါတယ်။ ဒါကြောင့် မသန့်ရှင်းတဲ့ ကြက်သားဟာ လူကို အန္တရာယ် ဖြစ်စေနိုင်ခြေ အမြင့်ဆုံးပဲ ဖြစ်ပါတယ်။ ဒါ့ပြင် ကြက်ကို အမွေးနုတ်တဲ့ အချိန်က စပြီး သင့်ဟင်းအိုးထဲ စထည့်တဲ့ အထိ ရေအမျိုးမျိုး၊ လက်အမျိုးမျိုး၊ မျက်နှာပြင် အမျိုးမျိုး၊ ထုပ်ပိုးမှု အမျိုးမျိုးနဲ့ ရောက်လာတာမို့ ကြက်သားမှာ ဗက်တီးရီးယား တွေက ဆိုးရွားစွာ ပျံ့နှံ့ နေပါတယ်။ ဒါ့ပြင် ကြက်သားဟာ နူးညံ့ပြီး အသားမှာ အမြှောင်းတွေ ပါပါတယ်။ လစ်စတီးရီးယား ဟာ အဲဒီ အမြှောင်း တွေထဲမှာ ဝင်နေပြီး ကြက်သားကလဲ နူးတာမြန်တော့ အကြိမ် ၁ဝဝ မှာ ၁ဝ ဒသမ ၅ ကြိမ်ကတော့ လစ်စတီးရီးယား ပါတဲ့ ကြက်သားကို လူတွေ စားနေကြတာ ဖြစ်ပါတယ်။

ဒီတော့ ဘယ်လို လုပ်ကြမလဲ။ မိသားစု တစ်စုလုံးရဲ့ ကျန်းမာရေးဟာ ဈေးဝယ်သူရဲ့ လက်ထဲမှာ ရှိပါတယ်။ ကိုယ်က အသားကို အလကား ယူတာမဟုတ်ဘူး။ ပိုက်ဆံပေးပြီး ဝယ်တာပါ။ ဒီတော့ စိတ်ကြိုက် ရွေးပါ။ အသားကို ထုပ်ထားတာ အရည်တွေ အများကြီး ထွက်နေရင် မဝယ်ပါနဲ့။ အသား ထည့်ထားတဲ့ ပုံးကို ငုံ့ကြည့်ပါ။ ခြောက်သွေ့နေရင် အဲဒီအသား လတ်ပါတယ်။ အရိအရွဲတွေ ထွက်နေတယ် ဆိုရင် အဲဒီအသားဟာ ရက်ကြာ နေပါပြီ။

အသားကို မဆေးပါနဲ့လို့  အမေရိကန် ပြည်ထောင်စု အစားအစာနှင့် အဖျော်ယမကာ ကြီးကြပ် ကွပ်ကဲရေး အဖွဲ့က ဆိုပါတယ်။ အသားကို ရေဆေးတာ ဘယ် ဗက်တီးရီးယား ကိုမှ မသေစေတဲ့ အပြင် တစ်နေရာထဲ
စုနေတဲ့ ဗက်တီးရီးယား ကို ကိုယ်က အသားအနှံ့ ရောက်အောင် ပွတ်ဖြန့် ပေးရာ ရောက်ပြီး ကိုယ့်လက်၊ အဝတ်အစား၊ လက်ဆေးကန် အစရှိတဲ့ နေရာတွေကိုလဲ ဗက်တီးရီးယား တွေ ပျံ့နှံ့ သွားစေတယ်လို့ ဆိုပါတယ်။

သင့်လက်၊ စဉ်းတီတုံး၊ ဟင်းပြင်ဆင်တဲ့ စားပွဲ အစရှိတာ တွေကို မကြာမကြာ အထူး သန့်ရှင်းရေး လုပ်ပေးပါ။ ရေနွေးပူပူနဲ့ ဆပ်ပြာရည် ဖျော်ပြီးဆေးဖို့ လိုအပ် ပါလိမ့်မယ်။ လက်နှီး သုံးတယ်ဆိုရင် ရေနွေးပူ ဆပ်ပြာရည်နဲ့ နေ့တိုင်းလျှော်ပါ။ အသားကို မကျက်တကျက် ဘယ်တော့မှ မစားပါနဲ့။ သင့်ဟင်းအိုးဟာ အပူချိန်ကို ဖော်ပြတဲ့စနစ် ရှိတယ်ဆိုရင် ၁၆ဝ ဒီဂရီ ဖာရင်ဟိုက် ရောက်တဲ့အထိ အပူပေး ရပါမယ်။ အသား အမျိုးမျိုး ကနေ လူကိုဖြစ်ပွား စေနိုင်တဲ့ ရောဂါ အထွေထွေ အကြောင်း လေ့လာရေးသား တင်ပြ လိုက်ရပါတယ်။

Yadanarpondaily
http://myawady-myawady.blogspot.com

ကူဝိတ်ဗုံးခွဲမှု သံသယရှိသူ သုံးဦးကို ဆော်ဒီဖမ်းဆီး



ကူဝိတ်နိုင်ငံမှာ လူ ၂၇ ဦးသေဆုံးသွားခဲ့ရတဲ့ အရင်လက ဗလီကို အသေခံဗုံးခွဲ တိုက်ခိုက်မှုနဲ့ ပတ်သတ်တယ်ဆိုပြီး မသင်္ကာဖွယ် ညီအကို ၃ ယောက်ကို အာဏာပိုင်တွေ ဖမ်းဆီးလိုက်တယ်လို့ ဆော်ဒီအာရေဗီးယား အစိုးရက ပြောပါတယ်။

ကူဝိတ်စီတီးမြို့ တိုက်ခိုက်မှုကို သူတို့လုပ်ဆောင်တာပါလို့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေက ပြောပြီး အဲဒီမတိုင်ခင်က မေလမှာ ဖြစ်တဲ့ ဆော်ဒီအာရေးဗီးယားက ရှီယာဗလီ ၂ ခုက အလားတူ တိုက်ခိုက်မှုတွေကိုလည်း သူတို့တွေပဲလုပ်တာလို့ IS က ဆိုပါတယ်။

ဖမ်းမိသူတွေထဲမှာ တယောက်ကို ကူဝိတ်မှာ ဖမ်းမိတာဖြစ်ပြီး နောက်တဦးကိုတော့ ဆော်ဒီတောင်ပိုင်းက Taif မြို့မှာလို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောတာကို ဆော်ဒီအစိုးရ သတင်းမှာ ဖော်ပြပါတယ်။ နောက်ဆုံးတဦးကိုတော့ Saidi နဲ့ Kuwait နိုင်ငံနယ်စပ်နားမှာ ဆော်ဒီလုံခြုံရေး ၂ ဦး ဒဏ်ရာရသွားရတဲ့ ပစ်ခတ်မှုဖြစ်ပြီး ဖမ်းဆီးမိတာပါ။

သူတို့ ညီအကိုတွေထဲက နောက် ၄ ဦးမြောက် တယောက်ကတော့ Syria မှာ IS တွေနဲ့ သွားတိုက်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကပဲ ပြောပါတယ်။ ရှီယာမူဆလင်တွေဟာ ဒိဌိတွေလို့ ဆွန်နှီမူဆလင် အစွန်းရောက် IS အဖွဲ့က ယူဆပြီး ဒေသတလွှားမှာ သူတို့ကို ပစ်မှတ်ထားပြီး လိုက်တိုက်လိုက်နေတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မိုးခေါင်ရေရှားမှုကြောင့် ဘန်ကောက်ရေပြတ်နိုင်


ထိုင်းနိုင်ငံမှာ မိုးခေါင်ရေရှားမှုနဲ့ ပင်လယ်ရေမှော်တွေရဲ့ အန္တရာယ်ကြောင့် ခမ်းခြောက်လာတဲ့ ရေအရင်းအမြစ်တွေကို ပြန်လည် ဖြည့်တင်းနိုင်ဖို့ ရွာချိန်တန်ပြီး မရွာတာကြာနေတဲ့ မိုးကို ထိုင်းပြည်သူတွေ စောင့်မျှော်နေကြတာနဲ့အမျှ ဘန်ကောက်မြို့မှာ တလအတွင်း သောက်သုံးရေ ပြတ်သွားနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့  မြို့တော် ရေအရင်းအမြစ် စီမံခန့်ခွဲရေးဌာန အကြီးအကဲက ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ဆယ်စုနှစ်တစုကျော် ကာလတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုနဲ့ ကြုံနေရတာပါ။ ဘန်ကောက်မြို့တွင်း သောက်သုံးရေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် ရေဖြန့်ဝေပေးနေတဲ့ ဆည်တွေထဲမှာ ရေပမာဏ လျော့မသွားအောင် ထိန်းထားနိုင်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ အစိုးရက လယ်သမားတွေကို စပါးမစိုက်ကြဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလထဲက ပြောထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို လုပ်ဆောင်မှုတွေ ရှိတဲ့တိုင်အောင် ကျောက်ဖယားမြစ်ထဲကို စီးဝင်တဲ့ အဓိက ရေလှောင်ကန် သုံးခုမှာ ရေသိသိသာသာ နည်းလာနေပါတယ်။

ကျောက်ဖယားမြစ်ကတော့ ဘန်ကောက်မြို့တွင်း သောက်သုံးရေ အဓိက ဖြန့်ဝေပေးနေတဲ့ နေရာနှစ်ခုထဲက တခုပါ။ တကယ်လို့သာ မိုးမရွာဘူးဆိုရင် ရက်သုံးဆယ်အတွင်း ဘန်ကောက်မြို့မှာ ရေပြတ်သွားလိမ့်မယ်လို့ မြို့တော်တ၀ိုက် ရေအရင်းအမြစ် စီမံခန့်ခွဲရေးဌာန အုပ်ချုပ်ရေးမှူး Thanasak Watanathana က ပြောပါတယ်။ ရေပြတ်သွားနိုင်တာကြောင့် အိမ်တိုင်းမှာ သောက်ရေ ၆၀ လီတာ ကြိုတင် လှောင်ထားကြဖို့နဲ့ ရေကို လျှော့သုံးကြဖို့လည်း ဒီဌာနက မြို့ဒေသခံတွေကို တိုက်တွန်းထားပါတယ်။

ဒါပေမဲ့ လောလောဆယ် အချိန်ထိကတော့ ရေလီတာ ၁ ထောင်ကို ထိုင်းဘတ်ငွေ ၈ ဘတ်ခွဲ ဒေါ်လာနဲ့ဆိုရင် ၂၅ ဆင့်နဲ့ ဈေးပေါပေါ ပေးပြီး ၀ယ်နိုင်နေသေးတာကြောင့် လူတွေက သိပ် အလေးထား မလာကြသေးဘူးလို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဒီဂီယာ မန်ယူနှင့်ပြန်လည်လေ့ကျင့်ခန်းဆင်း

ရီးရဲလ်မက်ဒရစ်အသင်း နှင့် ပူးပေါင်းမည်ဟူသော သတင်းများ ထွက်ပေါ်နေသော်လည်း မန် ယူဂိုးသမား ဒီဂီယာသည် အသင်း နှင့် လေ့ကျင့်ခန်းဆင်းရန် မန်ယူ သို့ ပြန်လည်ရောက်လာသည်။
ဒီဂီယာ (၂၄) နှစ်၏ အ ပြောင်းအရွှေ့ကိစ္စကို   နှစ်ဖက် အသင်းကြား သဘောမတူခဲ့၍ ဒီဂီယာသည် မန်ယူ၏ ကာရင်တန် လေ့ကျင့်ရေးကွင်းတွင် အခြား မန်ယူအသင်းသားများနှင့်အတူ လေ့ကျင့်ရန် မျှော်လင့်ထားသည်။
‘‘ရီးရဲလ်မက်ဒရစ်ဟုတ် လား။ ကျွန်တော်ရာသီအကြိုလေ့ ကျင့်ရေးအတွက် မန်ချက်စတာ ကို ပြန်သွားရမယ်’’ဟု ဒီဂီယာက
စပိန်ရုပ်သံ Cuatro အား ပြော သည်။ရီးရဲလ်သို့ အပြောင်းအရွှေ့ ကိစ္စမေးမြန်းချိန်တွင်လည်း ဒီဂီ ယာက ‘‘ကျွန်တော်အေးဆေးပါ ပဲ’’ဟု ပြန်လည်ဖြေကြားသည်။
မန်ယူဂိုးသမားသည် မွေးရပ်မြို့တွင် သွားရောက်အနားယူနေ ပြီး မန်ယူအသင်းက တစ်ပတ် လုပ်ခ ပေါင် နှစ်သိန်းအထိ လစာ တိုးမြှင့်ကမ်းလှမ်းမှုကို မတုံ့ပြန်ခဲ့ ပေ။မန်ယူမန်နေဂျာ ဗန်ဂါးလ်က ရီးရဲလ်အသင်းအနေဖြင့် ရာမို့စ် ကို ပြန်ရောင်းမှသာ ဒီဂီယာကို လက်လွှတ်မည်ဟု ဆိုပြီး ဒီဂီယာ အတွက် မန်ယူက စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၃၃ သန်း ခန့် အလိုရှိနေသည်ဟု ဆိုသည်။

—Ref:ESPN/Daily Mail

ပြည်နယ်နှင့် တိုင်းခုနစ်ခုတွင် နေရာကွက် မိုးကြီးမည်

ဘင်္ဂလားပင်လယ်အော် တွင် မုတ်သုံလေအားအလွန် ကောင်းလာသောကြောင့် ရေ ဘေးရင်ဆိုင်ခဲ့ရသည့် ဒေသများ အပါအ၀င် ပြည်နယ်နှင့် တိုင်း ဒေသကြီး ခုနစ်ခု၌ တစ်ပတ်ခန့် ကြာအောင် နေရာကွက်၍ မိုးကြီး နိုင်သည်ဟု မိုးလေ၀သနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဇူလိုင် ၁၆ မှ ၁၄ ရက်အတွင်းဇွနလကုန်ခန့်က ရေဘေးအဆိုး ရွားဆုံးရင်ဆိုင်ခဲ့ရသည့် ရခိုင်ပြည်နယ်အပြင် ရှမ်း၊ ကချင်၊ ချင်း၊ မွန်၊ ကရင်၊ ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူး တိုင်း၊ တနင်္သာရီတိုင်းဒေသကြီး တို့တွင် နေရာကွက်၍ မိုးကြီးမည် ဟု သတင်းထုတ်ပြန်ထားခြင်းဖြစ် သည်။
‘‘မုတ်သုံလေက နေ့စဉ်အား ပို ကောင်းလာတယ်။ ကမ်းရိုးတန်း ဒေသတွေလည်း လေပြင်းသတိ ပေးချက်ထုတ်ထားတယ်’’ဟု မိုး လေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းကပြောသည်။လက်ရှိတွင် ရခိုင်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ကမ်းရိုးတန်းဒေသများတွင် မိုးရောလေပါ ပြင်းထန်နေပြီး ဒေသအချို့ရေလွှမ်းမိုးမှု စတင်ရင်ဆိုင်နေရသည်ဟု ဒေသခံများထံမှ သတင်းရရှိသည်။ ကချင်ပြည်နယ်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းနေ၍ ဖားကန့်မြို့ရပ် ကွက်လေးခုနှင့် အနီးဝန်း ကျင်ကျေးရွာ များမှာ ငါးပေခန့်အထိ ရေနစ်မြုပ်နေသည်ဟု ကချင်ပြည်နယ်အစိုး ရအဖွဲ့မှ သတင်းရရှိသည်။
မြစ်ရေသတိပေးချက်မှာ ဇူ လိုင် ၆ ရက် ညနေတိုင်းတာချက် များအရ ဧရာဝတီမြစ်ရေသည်မြစ်ကြီးနားမြို့တွင် နှစ်ပေခန့် မြင့်တက်ခဲ့ပြီး ချင်းတွင်းမြစ်ရေ သည်  ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝနှင့် မုံရွာမြို့တို့တွင် နှစ်ပေခန့်တက်ခဲ့သည်ဟု ဦးလှထွန်း က ပြောသည်။
မြန်မာ့ကမ်းရိုးတန်းဒေသ များတွင် တစ်နာရီလေတိုက်နှုန်း သည် ၃၅ မိုင်မှ မိုင် ၄၀ ခန့် အထိတိုက်ခတ်နိုင်ပြီး နေရာ ကွက်ပြီး မိုးကြီးခြင်း၊ မိုးသက်လေပြင်းကျ ရောက်ခြင်း၊ ပင်လယ်ပြင်တွင် ရာသီဥတုအခြေအနေဆိုးရွား တတ်ခြင်းတို့ကို သတိထားသင့် သည်ဟု ဦးလှထွန်းကပြောကြားသည်။

တက္ကသိုလ်ကြိုပို့ယာဉ်နှင့် ကွန်တိန်နာယာဉ် ခေါင်းချင်းဆိုင်တိုက်

သာကေတမြို့နယ်တွင် ဇူလိုင် ၆ ရက်က တက္ကသိုလ် ကြိုပို့ယာဉ်နှင့် ကွန်တိန်နာယာဉ်တို့ ခေါင်းချင်းဆိုင်တိုက်ရာ ယာဉ်နောက်လိုက်တစ်ဦး သေဆုံးပြီး တက္ကသိုလ်ကျောင်းသား၊ကျောင်း သူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
သာကေတမြို့နယ် ရှုခင်း သာမြို့ပတ်လမ်းပေါ်တွင် ဇူလိုင် ၆ ရက် နံနက် ၁၀ နာရီခန့်က ရန် ကုန်အရှေ့ပိုင်း တက္ကသိုလ်သို့ မောင်းနှင်လာသော ကျောင်းကား မှာ  တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိသွားပြီး တစ်ဖက်မှ မောင်းနှင်လာသည့် ကွန်တိန်နာ ယာဉ်နှင့် ခေါင်းချင်းဆိုင် တိုက်မိ ခဲ့ခြင်းဖြစ်ကြောင်း သာကေတမြို့ နယ်ယာဉ်မှုစစ်က ပြောသည်။
 တက္ကသိုလ် ကြိုပို့ယာဉ်မှ ယာဉ်နောက်လိုက်သည် ဒဏ်ရာ ပြင်းထန်သောကြောင့် နေရာတွင် သေဆုံးသွားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ခုနစ်ဦး ဒဏ်ရာပြင်း ထန်၍ ဆေးရုံသို့ ပို့ ဆောင်ခဲ့ရသည်။  ‘‘ယာဉ်ကို အရှိန်ပြင်းပြင်းနဲ့ မောင်းလာတာပါ။ ပြီးတော့ လုပ် နေကျပုံစံပဲ တစ်ဖက်ကို ရောက် သွားတယ်။ လူကို ရှောင်ရှင်း တစ်ဖက်ရောက်သွားတယ်ပြော ပေမယ့် အရှိန်နဲ့ဆိုတော့ အရှေ့ တည့်တည့်က ကားနဲ့ ဝင်တိုက် သွားတာပါ။ ယာဉ်မောင်း အရမ်းမောင်းတာနဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေ အလကား ထိခိုက်တာပေါ့’’ဟု ရှုခင်းသာမြို့ ပတ်လမ်း ရေနံမြေရုံး အနီးတွင် နေထိုင်သူ ဦးစံထွန်းအောင်က ပြောသည်။
လက်ရှိတွင် တက္ကသိုလ် ကြိုပို့ယာဉ်မောင်းကို သာကေတမြို့မစခန်း၌ အမှုဖွင့် အရေးယူထား ကြောင်း ယင်းရဲစခန်းမှတာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

ရန်ကုန်တွင် လေပြင်းမွှေ ကြော်ငြာဆိုင်းဘုတ်ကြီးများ ပြိုလဲ


ဗိုလ်တထောင်မြို့နယ် နှင့် ဆိပ်ကမ်းမြို့နယ်တို့တွင် ဇူလိုင် ၆ ရက် ညနေ ၃ နာရီကျော်အချိန်၌လေပြင်းတိုက်ခတ်မှုကြောင့် ကြော်ငြာဆိုင်းဘုတ်ကြီးများနှင့် သစ်ပင်အချို့ ပြိုလဲခဲ့ကြောင်း သတင်းရရှိသည်။
ဗိုလ်တထောင်မြို့နယ် ဗိုလ် တထောင်ဘုရားလမ်းရှိ ကြော် ငြာဆိုင်းဘုတ် လဲကျမှုကြောင့်ရပ်ထားသည့် ခရီးသည်တင် ယာဉ်တစ်စီးနှင့် မီနီဘတ်စ် ယာဉ်တစ်စီးပျက်စီးခဲ့ပြီး သစ်ပင်ပြိုလဲမှုကြောင့် ဈေးဆိုင်အချို့ ပျက်စီးခဲ့သည်ဟု ဗိုလ်တထောင် မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
‘‘ဆိုင်းဘုတ်အောက်ခြေက နေကျိုးထွက်သွားတယ်။ကားပေါ် မှာတော့လူမရှိတဲ့အတွက် ဘယ် သူမှထိခိုက်ဒဏ်ရာရှိခဲ့တာတော့ မရှိပါဘူး။ လမ်းဘေးမှာဖွင့်ထား တဲ့ ဈေးဆိုင်အချို့တော့ သစ်ပင် တွေကျိုးကျလို့ ပျက်စီးသွားတာ တွေတော့ရှိပါတယ်’’ဟု အဆိုပါ ရဲအရာရှိကပြောသည်။
ဆိပ်ကမ်းမြို့နယ်ရှိကုန်တင် ယာဉ်များ ဖြတ်သန်းသွားလာ သည့် ကမ်းနားလမ်းသစ်တွင် ကြော်ငြာ ဆိုင်းဘုတ်နှစ်ခု ပြိုလဲ ကျခဲ့၍ ဟိုက်ဂျက် ကားတစ်စီး ပျက်စီးခဲ့ပြီး ယာဉ်မောင်းမှာ ထိ ခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း အဆိုပါလမ်း၌ တာဝန်ကျသည့်အရာရှိကပြောသည်။
‘‘ဒီကားမောင်းလာတဲ့ယာဉ် မောင်းရှေ့မှာ ဆိုင်းဘုတ်ကြီးပြို ကျတာကို တွေ့တယ်။ အဲဒါ ကြောင့် ကားကို နောက်ပြန်ဆုတ် တာ နောက်က ဆိုင်းဘုတ်ကကားပေါ်ပြုတ်ကျတာ။ ကံကောင်းတယ်လို့ပြောလို့ရတယ်။ ယာဉ်မောင်းမှာ ဘာဒဏ်ရာမှတော့မရပါဘူး’’ဟု အဆိုပါ ရဲအရာရှိကပြောသည်။
ပြုတ်ကျခဲ့သည့် ကြော်ငြာ ဆိုင်းဘုတ်ကြီးများမှာ အလျား ၄၅ ပေ အနံ ၁၅ ပေ အမြင့် ပေ ၄၀ ရှိသည့်ဆိုင်းဘုတ်များဖြစ်ပြီး လေတိုက်မှုကြောင့် အောက်ခြေ ပိုင်းမှ ပြုတ်ကျွတ်ထွက်ခြင်းဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
‘‘အခုပြုတ်ကျနေတာတွေ ဖယ်ဖို့ ကရိန်းကားတွေခေါ်ထား ပါတယ်။ အကုန်လုံးကိုတော့ရှင်း ရမယ်။ သစ်ပင်တွေလဲလို့ ပိတ် နေတဲ့ ရထားလမ်းကအပင်တွေ လည်း ရှင်းနေပါတယ်။ သဘာဝ ဘေးအန္တရာယ်ကြောင့် အခုလို ဖြစ်တာပါ။ ရန်ကုန်မြို့မှာတော့ ပထမဆုံးလို့ပြောလို့ရတယ်’’ ဟု အဆိုပါအရာရှိက ပြောသည်။
            လေပြင်းတိုက်ခတ်မှုနှင့်ပတ်သက်၍ ကမ္ဘာအေး မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနသို့ ဆက် သွယ်မေးမြန်းခဲ့သော်လည်း လေ  တိုက်နှုန်းတိုင်းတာသည့် စက်မှ တိုင်းတာမှု  မရသည့်အတွက် မပြောပြနိုင်ကြောင်း ပြန်လည်ဖြေကြားသည်။