မန္တလေးမြို့တွင်
ဇူလိုင် ၆ရက် နံနက် ၄နာရီခွဲခန့်က လောင်ကျွမ်းခဲ့သောမီးကြောင့်
ဆိုင်ခန်း၁၀ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ်၊
စက်မှုပန်းခြံလမ်း၊ ဆိုင် တန်းလျားရှိ ဆိုင်ကယ်အပိုပစ္စည်း ဆိုင်မှ
လျှပ်စစ်ဘုတ်ခုံအပူလွန်ကဲ ရာမှတစ်ဆင့် ဆိုင်ကယ်ကာဗာ များသို့
ကူးစက်ရာမှစတင်လောင် ကျွမ်းခြင်းဖြစ်ကြောင်း မီးသတ်ဦး စီးဌာနမှသိရသည်။
‘‘ဂိုဒေါင်ကြီးခံနေလို့ မီးက
လူနေရပ်ကွက်ဘက်မကူးတာ။ ဂိုဒေါင်ရဲ့ ဟိုဘက်မှာ လူနေအိမ်တွေ
အများကြီး’’ဟုလာရောက်ငြှိမ်းသတ်ပေးနေသည့် မီးသတ်ဝန်ထမ်းတစ်ဦးကပြောသည်။
ဆိုင်ကယ်အပိုပစ္စည်းဆိုင် နှင့်ကပ်လျက်
ကုန်စုံဆိုင်၊ သုံးခန်း တွဲလက်ဖက်ရည်ဆိုင်၊ လျှပ်စစ် ပစ္စည်းဆိုင်၊
သုံးခန်းတွဲကြက်စာ ဆိုင်နှင့် စားသောက်ဆိုင်တို့ကို
မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။
ထို့အပြင် အနီးရှိ ဂိုဒေါင်ကို ပါ
ထပ်မံမီးကူးစက်ခဲ့၍ ဂိုဒေါင် အတွင်းရှိ ကြက်စာပြောင်းဖူးစေ့
များမီးလောင်ဆုံးရှုံးခဲ့ကြောင်း တိုင်းမီးသတ်ဦးစီးဌာနနှင့်
မီးလောင်ရာဝန်းကျင်တွင် နေထိုင် သူများက ပြောသည်။
မီးလောင်ကျွမ်းမှုမှာ တစ်နာ
ရီခန့်ကြာမြင့်ခဲ့ပြီး ကျပ်သိန်းငါး ဆယ်ခန့် ဆုံးရှုံးခဲ့သည်ဟု မီးသတ်
ဦးစီးဌာနက ခန့်မှန်းတွက်ချက်ထားသည်။ မီးလောင်ရာသို့ မီးသတ်ဝန်ထမ်း
၂၅၀ကျော် လာရောက်ငြှိမ်းသတ်ခဲ့ပြီး ထိခိုက်သေဆုံးသူမရှိကြောင်း သိရသည်။
မီးစတင်လောင်ကျွမ်းခဲ့ သည့်
ဆိုင်ကယ်အပိုပစ္စည်းဆိုင် မှအသက်(၂၈)နှစ်အရွယ်အမျိုး သားကို မီးပေါ့ဆမှုဖြင့်
ပြည်ကြီး တံခွန်ရဲစခန်းတွင် အမှုဖွင့်အရေး ယူထားကြောင်း သတင်းရရှိ သည်။
No comments:
Post a Comment