ဗိုလ်တထောင်မြို့နယ် နှင့် ဆိပ်ကမ်းမြို့နယ်တို့တွင် ဇူလိုင် ၆ ရက် ညနေ ၃ နာရီကျော်အချိန်၌လေပြင်းတိုက်ခတ်မှုကြောင့် ကြော်ငြာဆိုင်းဘုတ်ကြီးများနှင့် သစ်ပင်အချို့ ပြိုလဲခဲ့ကြောင်း သတင်းရရှိသည်။
ဗိုလ်တထောင်မြို့နယ် ဗိုလ်
တထောင်ဘုရားလမ်းရှိ ကြော် ငြာဆိုင်းဘုတ် လဲကျမှုကြောင့်ရပ်ထားသည့်
ခရီးသည်တင် ယာဉ်တစ်စီးနှင့် မီနီဘတ်စ် ယာဉ်တစ်စီးပျက်စီးခဲ့ပြီး
သစ်ပင်ပြိုလဲမှုကြောင့် ဈေးဆိုင်အချို့ ပျက်စီးခဲ့သည်ဟု ဗိုလ်တထောင်
မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
‘‘ဆိုင်းဘုတ်အောက်ခြေက
နေကျိုးထွက်သွားတယ်။ကားပေါ် မှာတော့လူမရှိတဲ့အတွက် ဘယ်
သူမှထိခိုက်ဒဏ်ရာရှိခဲ့တာတော့ မရှိပါဘူး။ လမ်းဘေးမှာဖွင့်ထား တဲ့
ဈေးဆိုင်အချို့တော့ သစ်ပင် တွေကျိုးကျလို့ ပျက်စီးသွားတာ
တွေတော့ရှိပါတယ်’’ဟု အဆိုပါ ရဲအရာရှိကပြောသည်။
ဆိပ်ကမ်းမြို့နယ်ရှိကုန်တင် ယာဉ်များ
ဖြတ်သန်းသွားလာ သည့် ကမ်းနားလမ်းသစ်တွင် ကြော်ငြာ ဆိုင်းဘုတ်နှစ်ခု ပြိုလဲ
ကျခဲ့၍ ဟိုက်ဂျက် ကားတစ်စီး ပျက်စီးခဲ့ပြီး ယာဉ်မောင်းမှာ ထိ
ခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း အဆိုပါလမ်း၌ တာဝန်ကျသည့်အရာရှိကပြောသည်။
‘‘ဒီကားမောင်းလာတဲ့ယာဉ် မောင်းရှေ့မှာ
ဆိုင်းဘုတ်ကြီးပြို ကျတာကို တွေ့တယ်။ အဲဒါ ကြောင့် ကားကို နောက်ပြန်ဆုတ်
တာ နောက်က ဆိုင်းဘုတ်ကကားပေါ်ပြုတ်ကျတာ။ ကံကောင်းတယ်လို့ပြောလို့ရတယ်။
ယာဉ်မောင်းမှာ ဘာဒဏ်ရာမှတော့မရပါဘူး’’ဟု အဆိုပါ ရဲအရာရှိကပြောသည်။
ပြုတ်ကျခဲ့သည့် ကြော်ငြာ
ဆိုင်းဘုတ်ကြီးများမှာ အလျား ၄၅ ပေ အနံ ၁၅ ပေ အမြင့် ပေ ၄၀
ရှိသည့်ဆိုင်းဘုတ်များဖြစ်ပြီး လေတိုက်မှုကြောင့် အောက်ခြေ ပိုင်းမှ
ပြုတ်ကျွတ်ထွက်ခြင်းဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာဌာနမှ
တာဝန်ရှိသူတစ်ဦးကပြောသည်။
‘‘အခုပြုတ်ကျနေတာတွေ ဖယ်ဖို့
ကရိန်းကားတွေခေါ်ထား ပါတယ်။ အကုန်လုံးကိုတော့ရှင်း ရမယ်။ သစ်ပင်တွေလဲလို့
ပိတ် နေတဲ့ ရထားလမ်းကအပင်တွေ လည်း ရှင်းနေပါတယ်။ သဘာဝ ဘေးအန္တရာယ်ကြောင့်
အခုလို ဖြစ်တာပါ။ ရန်ကုန်မြို့မှာတော့ ပထမဆုံးလို့ပြောလို့ရတယ်’’ ဟု
အဆိုပါအရာရှိက ပြောသည်။
လေပြင်းတိုက်ခတ်မှုနှင့်ပတ်သက်၍ ကမ္ဘာအေး မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနသို့
ဆက် သွယ်မေးမြန်းခဲ့သော်လည်း လေ တိုက်နှုန်းတိုင်းတာသည့် စက်မှ တိုင်းတာမှု
မရသည့်အတွက် မပြောပြနိုင်ကြောင်း ပြန်လည်ဖြေကြားသည်။
No comments:
Post a Comment