သာကေတမြို့နယ်တွင်
ဇူလိုင် ၆ ရက်က တက္ကသိုလ် ကြိုပို့ယာဉ်နှင့် ကွန်တိန်နာယာဉ်တို့
ခေါင်းချင်းဆိုင်တိုက်ရာ ယာဉ်နောက်လိုက်တစ်ဦး သေဆုံးပြီး
တက္ကသိုလ်ကျောင်းသား၊ကျောင်း သူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
သာကေတမြို့နယ် ရှုခင်း
သာမြို့ပတ်လမ်းပေါ်တွင် ဇူလိုင် ၆ ရက် နံနက် ၁၀ နာရီခန့်က ရန်
ကုန်အရှေ့ပိုင်း တက္ကသိုလ်သို့ မောင်းနှင်လာသော ကျောင်းကား မှာ တစ်ဖက်
ယာဉ်ကြောသို့ ရောက်ရှိသွားပြီး တစ်ဖက်မှ မောင်းနှင်လာသည့် ကွန်တိန်နာ
ယာဉ်နှင့် ခေါင်းချင်းဆိုင် တိုက်မိ ခဲ့ခြင်းဖြစ်ကြောင်း သာကေတမြို့
နယ်ယာဉ်မှုစစ်က ပြောသည်။
တက္ကသိုလ် ကြိုပို့ယာဉ်မှ
ယာဉ်နောက်လိုက်သည် ဒဏ်ရာ ပြင်းထန်သောကြောင့် နေရာတွင် သေဆုံးသွားခဲ့ပြီး
ကျောင်းသား၊ ကျောင်းသူ ခုနစ်ဦး ဒဏ်ရာပြင်း ထန်၍ ဆေးရုံသို့ ပို့
ဆောင်ခဲ့ရသည်။ ‘‘ယာဉ်ကို အရှိန်ပြင်းပြင်းနဲ့ မောင်းလာတာပါ။ ပြီးတော့ လုပ်
နေကျပုံစံပဲ တစ်ဖက်ကို ရောက် သွားတယ်။ လူကို ရှောင်ရှင်း
တစ်ဖက်ရောက်သွားတယ်ပြော ပေမယ့် အရှိန်နဲ့ဆိုတော့ အရှေ့ တည့်တည့်က ကားနဲ့
ဝင်တိုက် သွားတာပါ။ ယာဉ်မောင်း အရမ်းမောင်းတာနဲ့ ကျောင်းသား၊
ကျောင်းသူလေးတွေ အလကား ထိခိုက်တာပေါ့’’ဟု ရှုခင်းသာမြို့ ပတ်လမ်း
ရေနံမြေရုံး အနီးတွင် နေထိုင်သူ ဦးစံထွန်းအောင်က ပြောသည်။
လက်ရှိတွင် တက္ကသိုလ်
ကြိုပို့ယာဉ်မောင်းကို သာကေတမြို့မစခန်း၌ အမှုဖွင့် အရေးယူထား ကြောင်း
ယင်းရဲစခန်းမှတာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။
No comments:
Post a Comment