တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဒိုင်းနမိုက်ဖြင့်မခွဲမီတွေ့ရစဉ်
(ဓာတ်ပုံများ−ဗကသများအဖွဲ့ချုပ်ဗဟိုလုပ်ငန်းကော်မတီ၏FB စာမျက်နှာ)
လွန်ခဲ့သည့် ၅၃ နှစ် ဇူလိုင် ၇ရက် သည်နေ့သည် လွတ်လပ်ရေးကြိုးပမ်းမှု
သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီး ဗုံးမခွဲ မီ ကျောင်းသားများ
သွေးမြေကျ သည့်နေ့ဖြစ်သည်။
၁၉၂၀ တွင် စတင်တည်ထောင်သော ရန်ကုန်တက္ကသိုလ် နှင့်အတူ မွေးဖွားလာခဲ့သည့်
ကျောင်းသားသမဂ္ဂအဆောက် အအုံကို အင်္ဂလိပ်အစိုးရ ဘုရင်ခံ ဆာဟာကုတ်ဘတ္တလာကိုယ်
တိုင် အုတ်မြစ်ချခဲ့သည်။
နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုကာလ၊
လွတ်လပ်ရေးကြိုး ပမ်းမှုကာလနှင့် လွတ်လပ်ပြီး နောက်ပိုင်းကာလအထိ
ဗိုလ်ချုပ်အောင်ဆန်း၊ ၀န်ကြီးချုပ်ဦးနု၊သခင်ဗဟိန်း၊
သိန်းဖေမြင့်စသည့်တိုင်းပြည်ကို ခေါင်းဆောင်မှုပေးနိုင်သည့်
နိုင်ငံရေးခေါင်းဆောင် ကြီးများ ထွက်ပေါ်ခဲ့ရာ ကျောင်းသားသမဂ္ဂအဆောက်အအုံမှာ
ယနေ့ရန်ကုန် တက္ကသိုလ်၊ အဓိပ တိလမ်း၏ ညာဘက်ခြမ်း
ဗိုလ်အောင်ကျော်ကျောက်တိုင်အနီး မြက်ခင်းပြင်ထီးထီးကြီးအဖြစ် သာ
ကျန်ရစ်တော့သည်။
ဗြိတိသျှကိုလိုနီခေတ် လွတ်လပ်ရေး
ကြိုးပမ်းမှုတစ်လျှောက်နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှု များကို နယ်ချဲ့
အစိုးရလက်ထက်ကပင်လျှင် လက်နက်ဖြင့်အကြမ်း ဖက်တားဆီးပိတ်ပင်မှုမရှိခဲ့ပေ။
အပြင်းထန်ဆုံးအဖြစ် ကျောင်းထုတ်အပြစ်ပေးခြင်းလောက်သာရှိခဲ့ပြီး လွတ်လပ်စွာ
ရှင်သန်ခွင့်ရခဲ့သော ကျောင်းသားသမဂ္ဂ အဆောက်အအုံသည် မြန်မာလူမျိုး
စစ်အစိုးရလက်ထက်တွင် ပြာပုံအတိဖြစ်အောင် ဖျက်ဆီးခံခဲ့ရသည်။
တို့ဗမာအစည်းအရုံး၏ နာယက
ဆရာကြီးသခင်ကိုယ်တော် မှိုင်းက ‘‘ဒီအဆောက်အအုံကိုသာ ဖြိုလို့ရမယ်။
အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူ မှ ဖြိုလို့မရဘူး’’ဟူသည့်
စကားလို ပင် ဗိုလ်ချုပ်နေ၀င်းလက်ထက်မှ ယနေ့ပါလီမန်အစိုးရလက်ထက် အထိ ၅၃
နှစ်တိုင် ကျောင်းသားသမဂ္ဂ ပြန်ဆောက်ခွင့်နှင့် သမဂ္ဂများ
တရားဝင်ရပ်တည်လှုပ်ရှား ခွင့်တို့ ဖိနှိပ်ခံနေရဆဲဖြစ်သည်။
သို့သော် ခေတ်အဆက်
ဆက်ကျောင်းသားလှုပ်ရှားမှုများ ရပ်တန့်မသွားဘဲ သမဂ္ဂစိတ်ဓာတ်ကို
လက်ဆင့်ကမ်းသယ်ဆောင်နေကြပြီး ကျောင်းသားအခွင့် အရေးအတွက်
တိုက်ပွဲဝင်မှုများက ရပ်တန့်မသွားသည်မှာ မကြာမီကဖြစ်ပွားခဲ့သည့်
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့သည့် လက်ပံတန်းကျောင်းသားသပိတ်က
သက်သေပင်ဖြစ် သည်။
ထို့ပြင် သမဂ္ဂမျိုးဆက်ကို မြေပေါ်
မြေအောက်မကျန် အဆင့် ဆင့် လက်ဆင့်ကမ်းနိုင်ခဲ့ကြောင်း ၂၀၀၀ ပြည့်နှစ်
နောက်ပိုင်းကျောင်းသားမျိုးဆက် ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ
ကိုရဲဇာနည်ထွန်းက ပြောသည်။
‘‘၁၉၆၂ တုန်းက အများစုရဲ့အယူအဆက
ရန်သူကိုအမြစ် ပြတ်ချေမှုန်းရေး။ အခု ကျွန်တော်တို့ ကျောင်းသားမျိုးဆက်တွေက
စစ်အာဏာရှင်ကို ဆန့်ကျင်တာ အပြင် ပညာရေးဥပဒေပြင်ဆင် ရေးအပါအ၀င်
အမျိုးသားပြန် လည်ရင်ကြားစေ့ရေးဆိုတဲ့ ရှု ထောင့်ကပါပြောနေတာဖြစ် တယ်။
ဒါပေမဲ့ အာဏာပိုင်တွေဘက်ကတော့ သူတို့ကိုဆန့်ကျင် ရင် ဖိနှိပ်မယ်၊
ဖြိုခွဲမယ်၊ ဖမ်းမယ် ဆိုတဲ့ အရင်ပုံစံအတိုင်းပဲရှိတယ်။၅၃ နှစ်ကြာခဲ့ပြီ။
ကျွန်တော်တို့က အတွေးအခေါ် ပိုကျယ်ပြန့်လာတယ်။ သူတို့ဘက်က မပြောင်းသေးဘူး’’
ဟု ၄င်းကပြောသည်။
၁၉၆၂ အာဏာသိမ်းမှုမတိုင်မီ
ပါလီမန်ဒီမိုကရေစီခေတ်တွင် နိုင်ငံရေးခေါင်းဆောင်များမှာ
ကျောင်းသားသမဂ္ဂမှ ခေါင်း ဆောင်များ ဖြစ်ခဲ့ကြပြီး
ကျောင်းသားလှုပ်ရှားမှုကို အစိုးရက ကိုင်တွယ်ဖြေရှင်းခြင်းသည်
နိုင်ငံရေးဆန်သည်။ ကျောင်းသားအရွယ်၏ သဘာဝကိုလည်းနားလည် သည်။
ပါလီမန်ဘောင်အတွင်းက
ကျောင်းသားလှုပ်ရှားမှုများသည် နောက်ပိုင်းခေတ်များလောက်
ပိုးစိုးပက်စက်မဖြစ်ခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်
ဦးကိုကိုကြီးက ပြော သည်။
လက်ရှိ သမ္မတဦးသိန်းစိန်
အစိုးရသစ်လက်ထက်တွင် ပေါ်ပေါက်ခဲ့သော လက်ပံတန်း ကျောင်းသား သပိတ်ကြောင့်
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသ မဂ္ဂအဖွဲ့ချုပ် (ဗကသ)၊
တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ)မှ ကျောင်းသားခေါင်း ဆောင်များအပါအ၀င်
ကျောင်းသားနှင့် ၀န်းရံပြည်သူ ၇၀ ဦး သာယာဝတီထောင်နှင့်
ရန်ကုန်အင်းစိန်ထောင်တို့၌ ဖမ်းဆီးခံထား ရပြီး အချို့မှာ
ဖမ်းဝရမ်းထုတ်ခြင်း ခံထားရပြီဖြစ်သည်။
ယနေ့
ဆဲဗင်းဇူလိုင်နှစ်ပတ်လည်တစ်ကျော့ပြန်လည် လာချိန်တွင် ပြင်ပတွင် လွတ်လပ်စွာ
လှုပ်ရှားသွားလာနိုင်သည့် ကျောင်းသားခေါင်းဆောင်ပိုင်း အရေအတွက်မှာ လွန်စွာ
နည်းပါးနေပြီဖြစ်သည်။
လွတ်လပ်ရေးရပြီးကတည်းမှ မနေ့တစ်နေ့
လက်ပံတန်း သပိတ်စခန်းအထိ ကျောင်းသားလှုပ်ရှားမှု အမျိုးမျိုးကို
လေ့လာကြည့်လျှင် အစိုးရအဆက်ဆက် သည် ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားသမဂ္ဂ၊
ကျောင်းသား ခေါင်းဆောင်တို့နှင့် ပတ်သက်လျှင် အမြဲတစေရန်လိုသည်။
ကျောင်းသားများဘက်က
ဒီမိုကရေစီရေးနှင့် စစ်အာဏာ ရှင်စနစ်ကျဆုံးရေးကို အစဉ်တ စိုက်
တောင်းဆိုခဲ့ရာမှ ယနေ့တွင်အဆိုပါအချက်များအပြင် အမျိုးသားပြန်လည်ရင်
ကြားစေ့ရေးကိုပါ ဦးတည်လှုပ်ရှား တိုက်ပွဲဝင် လာပြီဖြစ်သော်လည်း အစိုးရကတော့
ပြောင်းလဲမှု မရှိသေးပေ။
သမဂ္ဂဆိုသည့် စကားကို နားခါးပြီး
တစ္ဆေသရဲကဲ့သို့ပင် ကြောက်ရွံ့ကြကြောင်း ၁၉၆၂ခုနှစ် ဆဲဗင်းဇူလိုင် အရေးအခင်း
ကို ဖြတ်သန်းခဲ့သည့် ထိုစဉ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား
သမဂ္ဂအဖွဲ့ချုပ် အတွင်းရေးမှူး ဦးလှရွှေကပြောသည်။
‘‘ကျောင်းသားဆိုတာ အာ ဏာကို
လုယူမယ့်သူမဟုတ်ဘူး။ ဒီမိုကရေစီအခွင့်အရေးရဖို့ အတွက်ပဲ တို့က လုပ်တာ။
အစိုးရအဆက်ဆက်ကတော့ သမဂ္ဂနဲ့ ကျောင်းသားလှုပ်ရှားမှုဆိုတာနဲ့
အမြဲတမ်းရန်လိုပြီး အာဏာလိုချင်လို့လား ဆိုတဲ့မေးခွန်း အမြဲမေးတော့တာပဲ’’ဟု
ဦးလှရွှေက ပြော သည်။
၁၉၆၂ ခု မတ်လ ၂
ရက်တွင်ဝန်ကြီးချုပ်ဦးနုထံမှ အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်နေ၀င်း၏ စစ်
အစိုးရကို ရန်ကုန်တက္ကသိုလ်အတွင်းရှိ ကျောင်းသားတစ် သောင်းခွဲခန့်က
မဟာဗန္ဓုလပန်း ခြံတွင် ပထမဆုံး ဆန္ဒပြကန့်ကွက်သည်။ ထို့ကြောင့် ဆဲဗင်းဇူလိုင်
အရေးအခင်း ဖြစ်လာမည့် ကျောင်းသားလှုပ်ရှားမှုသည် မြန်မာ့သမိုင်းတွင်
ပထမဆုံး စစ်အာဏာရှင်ကို တော်လှန်သည့်နေ့အဖြစ် ထင်ရှားလာခဲ့သည်။
၁၉၆၂ ဇွန်လ ၁ ရက်
ကျောင်းစဖွင့်သည့်နေ့တွင် ဗိုလ်နေ၀င်းက ကျောင်းဆောင်စည်းကမ်း(၂၂) ချက်ကို
ပြဋ္ဌာန်းလိုက်သည်။ ယင်းအချက်များလိုက်နာမည်ဟု လက်မှတ်ထိုးမှ
ကျောင်းသားများအဆောင်နေခွင့်ရှိမည်ဟု ကြေ ညာသည်။ ထို (၂၂) ချက်ကို
ဆဲဗင်းဇူလိုင်ဖြစ်လာမည့် ဇူလိုင် ၇ ရက်တွင် ကျောင်းသားများက
သမဂ္ဂအဆောက်အအုံတွင် အစည်းအဝေးလုပ်၍ ကန့်ကွက်ကြ သည်။ ကျောင်းတစ်ပတ်ပတ်၍
ဆန္ဒပြကြသည်။
ထို့နေ့ နေ့လယ် ၂ နာရီ တွင်
ရဲတပ်ဖွဲ့ဝင်များက ဗကသ၊တကသမှ ကျောင်းသား ခေါင်းဆောင်များကို စတင်ဖမ်းဆီး
သည်။ ညနေ ၄နာရီခွဲတွင် ဗိုလ်မှူးစိန်လွင်ဦးစီးသည့်
စစ်တပ်နှင့်အထူးရဲတို့က တက္ကသိုလ် ပရိဝုဏ်အတွင်း ၀င်စီး၍
ဆန္ဒပြကျောင်းသားများကို အကြမ်းဖက်နှိမ်နင်းခြင်း၊ မျက်ရည်ယိုဗုံးနှင့်
ပစ်ခြင်း၊ သေနတ်များဖြင့် ပစ်ခတ်ခြင်းတို့ ပြုခဲ့ကြသည်။
‘‘ကျောင်းသားတွေကလည်း ကျောင်းထဲကနေ
စစ်ဗိုလ်တွေကို မင်းတို့က သုံးယောက်ပေါင်းလို့ ခုနစ်တန်းအောင်လို့လား
ဆိုပြီး နာလိုခံခက်တွေလည်းပြောတာ ပေါ့။၎နာရီခွဲမှာ စပစ်တော့ ဘယ်သူကမှ တကယ်
ပစ်မယ်မထင်ထားဘူး။ သမဂ္ဂအဆောက်အအုံနဲ့ နည်းနည်းဝေးတဲ့ ရွှေဘိုတို့၊
စစ်ကိုင်းတို့အင်းဝဆောင်တို့က ကောင်တွေ ဆို ဟေ့ကောင်တွေ အပေါ်ထောင်မပစ်နဲ့။
ပစ်စရာရှိ တည့်တည့်ပစ်နဲ့အော်ကြတယ်။ တကယ်က တည့်တည့်ပစ်နေတာ သူတို့မသိကြဘူး။
သွေးအလိမ်းလိမ်းဖြစ်ကုန်ပြီ။ ပစ်ကွင်းထဲလည်း ၀င်ဆွဲလို့ မရဘူးလေ’’ဟု ယခု
အသက် (၇၇) နှစ်အရွယ်ရှိ ဦးလှရွှေက ဆဲဗင်းဇူလိုင်နေ့အဖြစ်အပျက်ကို
မျက်ရည်များ တွေတွေကျရင်း ပြန်ပြောင်းပြောပြသည်။
ထိုစဉ်က ဦးနေ၀င်းအစိုးရထံ တွင်
အမည်စာရင်းပေါက်သည့်ကျောင်းသားခေါင်းဆောင်ထဲ၌ ပါသော ဦးလှရွှေသည်
ရန်ကုန်တက္ကသိုလ်မှ ဆရာဖြစ်သည့် ဆရာဇော်ဂျီ၏ ကားဖြင့် အခေါက်ခေါက်အခါခါ
ကယ်ထုတ်ခံရသူများအနက်တစ်ဦးဖြစ်ပြီး ရန်ကုန်ရွက်လှေအသင်းမှ တစ်ဆင့်
ယခုဆီဒိုးနားဟိုတယ်အနီးသို့ လှေဖြင့် ထွက်ပြေးလွတ်မြောက်သွား ခဲ့သည်။
အာဏာသိမ်းခြင်းကို
အပြင်းအထန်ကန့်ကွက်ခဲ့သော ကျောင်းသားထုကို မျက်မုန်းကျိုးနေပြီး
ကျောင်းသားလှုပ်ရှားမှု၏ အဓိကရေသောက်မြစ်ဟု မြင်နေခဲ့သော ကျောင်းသားသမဂ္ဂကို
၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက် နံနက် ၆ နာရီခန့်တွင် ဒိုင်းနမိုက်များဖြင့်
ဖြို ခွဲဖျက်ဆီးလိုက်ကြသည်။ သမဂ္ဂဗုံးခွဲမှုကို ထိုစဉ်က စစ်အာဏာရှင် အစိုးရက
မည်သူ့လက်ချက်ဖြစ်ကြောင်း ပြည်သူကို ၀န်မခံခဲ့ပေ။
‘‘သမဂ္ဂကို ဗုံးခွဲတာဟာအစိုးရအလုပ်၊
စစ်တပ်အလုပ်ဖြစ် တယ်။ တပ်ဆိုတာ တိတိကျကျလုပ်တယ်။ အမိန့်ကိုစာနဲ့ရေးရ တယ်။
အနည်းဆုံး Captain တစ်ယောက်ပါကိုပါတယ်။ ဒီသမဂ္ဂ အဆောက်အအုံကြီးရဲ့ အနက်၊
အောက်ခြေဖောင်ဒေးရှင်း ဘယ်လောက်၊ အားလုံးတစ်စမကျန် ပျက်သွားဖို့ဆို
ဘယ်လောက် ပေါက်ကွဲ အားရှိတဲ့ ယမ်းနဲ့ခွဲမလဲဆိုတာ ပညာရှင်တွေတွက်ချက် တာလည်း
ပါရမယ်။ အားလုံးကဗိုလ်နေ၀င်းကို ဒီလောက် ကြောက် ကြရတာ။ ဦးနေ၀င်းမသိဘဲ
လုပ်တယ်ဆိုတာ လုံးဝမဖြစ်နိုင် ဘူး’’ ဟု ဦးလှရွှေက ပြောသည်။
ထို့နေ့က
ကျောင်းသားပေါင်းရာနှင့်ချီ၍ သေသည်ဟုသတင်းများ နောက်ပိုင်းတွင်
ထွက်ပေါ်လာသည်။ အထောက်အထား တစ်ခုအဖြစ် ၁၉၆၂ ခုနှစ် ဇူလိုင် ၈ ရက်နံနက် ၁၁
နာရီတွင် ရန်ကုန်ဆေးရုံအုပ်ကြီး ဦးအောင်သိန်းက ၎င်းထံသို့
ကျောင်းသားစုစုပေါင်း ၈၆ ယောက်ရောက်လာသည့်အနက် အလောင်း ၆၀ ကျော်ပါပြီး
ဒဏ်ရာအပြင်းအထန်ရ သည့် စာရင်းမှာ ၂၀ ကျော်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ
ပြုလုပ်ခဲ့သည်။
‘‘အဘက မန္တလေးဆောင်ကဆိုတော့
နောက်ပိုင်းမန္တလေး အဆောင်မှူး ဒေါက်တာခင်မောင်ဝင်းနဲ့ ပြန်ဆုံတော့ သူပြောတာ
မန္တလေးတစ်ဆောင်တည်းတင် ၁၈ ယောက်သေတယ်တဲ့’’ ဟု ဦးလှရွှေက ပြောသည်။
အင်္ဂလိပ်အစိုးရလက်ထက် တွင်
ကျောင်းသားသမဂ္ဂကို တရား ၀င်ခွင့်ပြုခဲ့ပြီး သမဂ္ဂဆိုင်ရာအခွင့်
အရေးများပေးခဲ့သည်။ ထိုခေတ် က ကျောင်းသားတစ်ဦး ကျောင်းအပ်ပါက သမဂ္ဂကြေးကို
တက္ကသိုလ်များကောင်စီက ကောက်ခံပေးရာ မည်သည့်ကျောင်းသားမဆို
ရန်ကုန်တက္ကသိုလ်သို့ ရောက်ပါက အလိုအလျောက် သမဂ္ဂအဖွဲ့ဝင်ဖြစ်သွားသည်။
ကျောင်းသားသမဂ္ဂသည် ကျောင်းသားများ၏
သာမန်စုရပ်တစ်ခုတင်မဟုတ်။ ကျောင်းပြီး ပါက နယ်ပယ်အသီးသီးသို့
ဖြတ်သန်းသွားကြတော့မည့် ကျောင်းသားများအတွက် လေ့ကျင့်ရေး ကွင်းလည်း
ဖြစ်သည်။ နိုင်ငံရေးလုပ်မည့်သူအတွက်လည်း သမဂ္ဂ သည် အဖွဲ့အစည်းနှင့်
လုပ်တတ်ကိုင်တတ်သည့် ဆွေးနွေးငြင်းခုံ ဆုံးဖြတ်ချက်ချသည့်
အလေ့အကျင့်များရသည့် အရင်းအမြစ် များဖြစ်သည်။ ထို့ကြောင့်
ကျောင်းသားသမဂ္ဂများကို ရှင်သန်ခွင့်ပေး သင့်ကြောင်း ဦးကိုကိုကြီးက
ပြောသည်။
‘‘ပါဠိစကား သမဂ္ဂဆိုတာကို
အရမ်းကြောက်တယ်။ အနှစ်သာ ရကို ရောက်အောင်မသွားနိုင် ဘဲနဲ့
ဝေါဟာရစကားလုံးကို တောက်လျှောက် ငြင်းတယ်။ သမဂ္ဂသုံးရမှာ ကြောက်လို့
ကျောင်းသားယူနီယံလို့ပြောတာ ရယ်စရာကောင်းတယ်။ ကျောင်းသားသမဂ္ဂတွေကို
လွတ်လွတ် လပ်လပ်ရပ်တည်ခွင့်၊ လှုပ်ရှားခွင့်ပေးလိုက်ရင် လုပ်ရင်းသင်လာပြီး
ကျောင်းသားတွေလည်း တဖြည်းဖြည်း ရင့်ကျက်လာမှာ ပေါ့။ ဝေါဟာရတွေကို
မကြောက်ပါနဲ့။ တကယ့် အနှစ်သာရကိုရောက်အောင် ၀ိုင်းပြီး ကြိုးစားကြ ပါ’’ဟု
ဦးကိုကိုကြီးက ပြောသည်။အင်္ဂလိပ်လက်ထက် ၁၉၂၀ ပထမ တက္ကသိုလ်ကျောင်းသား သပိတ်၊
ဗိုလ်ချုပ်နှင့် ဦးနုတို့ကို ကျောင်း ထုတ်ပစ်ခြင်းကို မကျေနပ်ရာက
စတင်ခဲ့သည့် ၁၉၃၆ ကျောင်းသားသပိတ်၊ ၁၉၃၈ ကိုအောင်ကျော် ကျဆုံးသည့်
ကျောင်းသားသပိတ်တို့ကို အင်္ဂလိပ်စစ်ပုလိပ်များက နံပါတ်တုတ်ဖြင့်
ရိုက်နှက်ဖြိုခွဲခြင်း၊ ကျောင်းသားခေါင်းဆောင်အချို့ ကို အဆောင်မှ
ထုတ်ပယ်ခြင်း၊ ကျောင်းထုတ်ခြင်းတို့ လောက် သာ အပြင်းထန်ဆုံးဖြစ်ပြီး
ကျောင်းသားများကို ထောင်ချ ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းတို့မရှိခဲ့ ပေ။
သတ်မှတ်ကာလ ကျောင်းထုတ်သည့်နှစ် ကုန်ဆုံးပါက တက္ကသိုလ်ကိုပင် ပြန်လာခွင့်ပြု
လိုက်သေးသည်။
ဖဆပလအစိုးရ
ဝန်ကြီးချုပ်ဦးနုလက်ထက်တွင် ၁၉၅၃အောက်တိုဘာ ကျောင်းသား သပိတ်၊ ၁၉၅၆
ကျောင်းသား သမဂ္ဂပိတ်ပင်မှု ဆန့်ကျင်ရေး ကျောင်းသားသပိတ်၊ ၁၉၅၆တွင် ပင်
ခုနစ်တန်းမေးခွန်းကြိုပေါက် ခြင်းကြောင့် ဆန္ဒပြရာမှ စိန်ပေါလ်မှ
ခုနစ်တန်းကျောင်းသား ဟယ်ရီ တန် သေနတ်မှန်သေဆုံးသည့် ကျောင်းသားသပိတ် စသည့်
သပိတ်အားလုံးကို ဦးနုအစိုးရက ကျောင်းသားအချို့ကို ကျောင်းထုတ်ခြင်း၊
ကျောင်းဝင်းအတွင်းဝင်၍ မျက်ရည်ယိုဗုံးပစ်လူစုခွဲခြင်း၊ နံပါတ်တုတ်ဖြင့်
ရိုက်နှက်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်းတို့ ဖြင့် ကိုင်တွယ်ခဲ့သည်။
သို့သော် မည်သည့်ကျောင်း သားမှ နှစ်ရှည်ကြီးလေးသော ထောင်ဒဏ်များ ကျခံခဲ့ရခြင်း မရှိခဲ့ပေ။
ဗိုလ်ချုပ်နေ၀င်းလက်ထက်တွင်
အမြစ်မှဆွဲလှန်လိုက်သကဲ့ သို့ ၁၉၆၂ ဆဲဗင်းဇူလိုင်တွင် သမဂ္ဂကို
ရိုက်ချိုးမှုမှစ၍ ၁၉၇၄၊ ၁၉၇၅၊ ၁၉၈၈ ၊ ၂၀၀၇ မှ ယနေ့ ၂၀၁၅
ခုနှစ်လက်ပံတန်းကျောင်းသား လှုပ်ရှားမှုအထိ ကျောင်းသားလှုပ်ရှား မှု မှန်သမျှ
အကြမ်းဖက်ဖိနှိပ်ဖြိုခွဲခံခဲ့ရသည်။ ကျောင်းသားများစွာ ၏ သွေးမြေကျခဲ့ရသည်။
‘‘ဆဲဗင်းဇူလိုင်ကနေ ဒီနေ့အထိ
ကျွန်တော်တို့ဟာ ကျောင်းသားထု အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့
ဒီမိုကရေစီပညာရေးတွေ အတွက် ဘ၀နဲ့ရင်းပြီး တိုက်ပွဲဝင် နေရတုန်းပါပဲ။
တိုက်ပွဲပုံစံကနေ စေ့စပ်ညှိနှိုင်းရေး စားပွဲတွေထက် ကို
ကျွန်တော်တို့သွားဖို့ ကြိုးစား ပါတယ်။ ဒါပေမဲ့ အတုအယောင်
ဆွေးနွေးပွဲတွေပဲရတယ်။ ဒီမိုကရေစီအရေခြုံအစိုးရတွေ
အုပ်ချုပ်နေသမျှကာလပတ်လုံး ကျောင်းသားထုရဲ့ တိုက်ပွဲသဏ္ဌာန်က
မပြောင်းလဲနိုင်ပါဘူး။ အရင်လိုပဲဘ၀တွေရင်းပြီး အခွင့်အရေး အတွက်
ကြိုးပမ်းနေရမှာပါပဲ’’ဟု ဗကသအဖွဲ့ချုပ်မှ ကျောင်းသား ခေါင်းဆောင်
ကိုမြတ်သူက ပြော သည်။
မြန်မာနိုင်ငံတွင်
ကျောင်းသားသမဂ္ဂများသည် ကျောင်းသားထု၏ နစ်နာမှု၊ မိဘများဖြစ်သည့် ပြည်သူများ၏
နစ်နာမှုများ အတွက် အမြဲတမ်း တပ်ဦးမှ တိုက် ပွဲဝင်ခဲ့၊
တိုက်ပွဲဝင်ဆဲဖြစ်သည်။ ကျောင်းသားသမဂ္ဂများ ရှေ့ထွက် လာပါက ပြည်သူများက
နောက်မှလိုက်ပါတတ်သည့်အတွက် အစိုးရအဆက်ဆက် သမဂ္ဂများကို ရှင်သန်ခွင့်
မပေးလို၊ အသံကြားရုံ ဖြင့်ကြောက်လန့်နေသည်ဟု မြင်ကြောင်း ၎င်းက ဆက်လက်ပြော
သည်။
‘‘လွတ်လပ်တဲ့ ကျောင်းသားသမဂ္ဂတွေဆိုတာ
ဒီမိုကရက်တစ် အင်စတီကျူးရှင်းတစ်ခုပါ။ ဒီမိုက ရေစီကို ရွံမုန်းသူတွေကတော့
သမဂ္ဂတွေကိုလည်း ရွံမုန်းနေမှာ ပါပဲ’’ဟု ကိုမြတ်သူက ဆိုသည်။
၈၈ ကာလတုန်းက သမ္မတ
ဒေါက်တာမောင်မောင်က ‘‘သမဂ္ဂအဆောက်အအုံကိုေ ပျာ်ပျော်ပါးပါး
အုတ်မြစ်ချကြပါစို့’’ ဟု ပြောကြားခဲ့သည်။ သို့သော် ယနေ့အထိ သမဂ္ဂအဆောက်အအုံ
ရော သမဂ္ဂအဖွဲ့အစည်းများပါ တရားဝင် ရပ်တည်ခွင့်မရသေး။
ထို့ပြင် ကျောင်းသားလှုပ်ရှား
မှုမှန်သမျှ၏ နောက်ကွယ်တွင် ဗကပ(ကွန်မြူနစ်)များ၏ လှုံ့ ဆော်ကြိုး
ကိုင်မှုများရှိနေကြောင်း ပြောကြားမှုများလည်းရှိသည်။
‘‘ဒီနိုင်ငံမှာ ထစ်ခနဲရှိရင်
လူတစ်ယောက်ကို နိုင်ငံရေးအဖွဲ့ အစည်းတစ်ခု တံဆိပ်ကပ်ပြီး စွပ်စွဲလိုက်တယ်။
အဲဒီတော့ တကယ်တေ့တေ့ဆိုင်ဆိုင် စကားပြောရ မယ့် အချိန်မှာ အခက်အခဲဖြစ်တယ်။
ကျောင်းသားသမဂ္ဂဆိုတာတစ်ဦးချင်းရဲ့ လေ့လာမှုအပေါ် မူတည်ပြီးတော့
လက်ဝဲသန်တဲ့ကျောင်းသား၊ လစ်ဘရယ်သန်တဲ့ ကျောင်းသား၊
နက်နက်ရှိုင်းရှိုင်းအယူဝါဒဆီ မရောက်သေးဘဲ မတရားမှုကို ဆန့်ကျင်မယ့်
ကျောင်းသားစသဖြင့် ကျောင်းသားတွေလည်း ရှိမှာပဲ။ အဓိက က သူတို့ရဲ့
လားရာတွေ ဆောင်ရွက်မှုတွေကို နိုင်ငံရေးအရ ဘယ်လိုဖြေရှင်းမလဲဆိုတာပဲ အရေး
ကြီးတယ်။ တံဆိပ်ကပ်စွပ်စွဲတာ အဖြေမထွက်ပါဘူး’’ ဦးကိုကိုကြီးက ပြောသည်။
ကျောင်းသားလှုပ်ရှားမှုနှင့် သမဂ္ဂ
ပြန်လည်ဖြစ်တည်ခွင့်ကို အစိုးရက ကြောက်သည့် အကြောင်းရင်းမှာ
တစ်ခုတည်းပင်ရှိကြောင်း ကျောင်းသားခေါင်း ဆောင်ကြီး ဦးလှရွှေက
ယခုကဲ့သို့စိတ်အားထက်သန်စွာ ပြော သည်။
‘‘အဓိကကတော့ တို့နောက် မှာ
လူထုရှိတယ်။ အခု လက်ပံတန်းကိုကြည့်ပါလား။ ခေတ် အဆက်ဆက်မှာကို လူထုက
ကိုယ့်နောက်မှ ရှိတယ်။ သူတို့ အဲဒါကိုကြောက်တာပဲ’’
ဗိုလ်ချုပ်ကြီးနေ၀င်း
‘‘အလုပ်ပျက်အောင်ရည်စူးပြီး တမင်လုပ်နေကြတယ်ဆိုရင် တော့ ကျွန်တော် နောက်ထပ် ဘာမှမပြောလိုဘူး။ အနည်းဆုံး ဓားကိုဓားချင်း၊ လှံကိုလှံချင်း ရင်ဆိုင်ဖို့သာရှိပါတော့တယ်’’
(ဇူလိုင် ၈ ရက် ည ၇ နာရီတွင် မြန်မာ့အသံမှတစ်ဆင့် တိုင်းပြည်သို့ပြောကြားသော မိန့်ခွန်းမှ)
‘‘အလုပ်ပျက်အောင်ရည်စူးပြီး တမင်လုပ်နေကြတယ်ဆိုရင် တော့ ကျွန်တော် နောက်ထပ် ဘာမှမပြောလိုဘူး။ အနည်းဆုံး ဓားကိုဓားချင်း၊ လှံကိုလှံချင်း ရင်ဆိုင်ဖို့သာရှိပါတော့တယ်’’
(ဇူလိုင် ၈ ရက် ည ၇ နာရီတွင် မြန်မာ့အသံမှတစ်ဆင့် တိုင်းပြည်သို့ပြောကြားသော မိန့်ခွန်းမှ)
ဦးသာဘန်း
(ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်)
‘‘မိုင်းပြားတွေ၊ မိုင်းဗုံးတွေကပ်ပြီး ဇူလိုင် ၈ ရက် နံနက် ၅ နာရီကျော်လောက်မှာ သမဂ္ဂအဆောက်အအုံကို မိုင်းခွဲပြီးဖြိုလိုက်တာပဲ။ အဲဒီလိုဖြိုလိုက်တာကို ရန်ကုန်တစ်မြို့လုံး သိမ့်သိမ့်တုန်အောင်ကြားကြရတာပဲ။ အသံလည်း ကြားရတယ်။ မြေထုကလည်း ငလျင်လှုပ်သလို သိမ့်သိမ့်တုန်သွားတယ်။ အဲဒီလိုအဖြစ်မျိုးက ဒုတိယကမ္ဘာစစ်တုန်းကတောင် မဖြစ်ဖူးဘူးလို့ ဒုတိယကမ္ဘာစစ် ကိုမီတဲ့သူတွေက ပြောကြတယ်’’
(ဆဲဗင်းဇူလိုင် (၄၆)နှစ်ပြည့်တွင် ပြောကြားခဲ့သည့်စကား)
(ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်)
‘‘မိုင်းပြားတွေ၊ မိုင်းဗုံးတွေကပ်ပြီး ဇူလိုင် ၈ ရက် နံနက် ၅ နာရီကျော်လောက်မှာ သမဂ္ဂအဆောက်အအုံကို မိုင်းခွဲပြီးဖြိုလိုက်တာပဲ။ အဲဒီလိုဖြိုလိုက်တာကို ရန်ကုန်တစ်မြို့လုံး သိမ့်သိမ့်တုန်အောင်ကြားကြရတာပဲ။ အသံလည်း ကြားရတယ်။ မြေထုကလည်း ငလျင်လှုပ်သလို သိမ့်သိမ့်တုန်သွားတယ်။ အဲဒီလိုအဖြစ်မျိုးက ဒုတိယကမ္ဘာစစ်တုန်းကတောင် မဖြစ်ဖူးဘူးလို့ ဒုတိယကမ္ဘာစစ် ကိုမီတဲ့သူတွေက ပြောကြတယ်’’
(ဆဲဗင်းဇူလိုင် (၄၆)နှစ်ပြည့်တွင် ပြောကြားခဲ့သည့်စကား)
ဦးမင်းကိုနိုင်
‘‘သမိုင်းတန်ဖိုးအရ အင်မ တန်အဖိုးတန်လှတဲ့ ကျောင်သားသမဂ္ဂအဆောက်အအုံ၊ ဒါဟာ လွတ်လပ်ရေးကြိုးပမ်းမှုမှာ အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍ က ပါခဲ့တာပါ။ ဒါကို ဖြိုချဖျက်ဆီး ပစ်လိုက်နိုင်ပေမယ့် လက်ဆင့်ကမ်းသယ်ဆောင်လာတဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဖော်ဆောင်လာတဲ့ ကျောင်းသားသမဂ္ဂစိတ်ဓာတ်ကိုတော့ ဖျောက်ဖျက်လို့ ဒီနေ့အထိ မရနိုင်သေးပါ ဘူး’’ (ဆဲဗင်းဇူလိုင် ရွှေရတုအခမ်းအနားတွင် ပြောကြားခဲ့သည့်စကား)
‘‘သမိုင်းတန်ဖိုးအရ အင်မ တန်အဖိုးတန်လှတဲ့ ကျောင်သားသမဂ္ဂအဆောက်အအုံ၊ ဒါဟာ လွတ်လပ်ရေးကြိုးပမ်းမှုမှာ အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍ က ပါခဲ့တာပါ။ ဒါကို ဖြိုချဖျက်ဆီး ပစ်လိုက်နိုင်ပေမယ့် လက်ဆင့်ကမ်းသယ်ဆောင်လာတဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဖော်ဆောင်လာတဲ့ ကျောင်းသားသမဂ္ဂစိတ်ဓာတ်ကိုတော့ ဖျောက်ဖျက်လို့ ဒီနေ့အထိ မရနိုင်သေးပါ ဘူး’’ (ဆဲဗင်းဇူလိုင် ရွှေရတုအခမ်းအနားတွင် ပြောကြားခဲ့သည့်စကား)
ဗိုလ်ချုပ်အောင်ကြီး
‘‘သမဂ္ဂမှာ ကျောင်းသားတွေက လက်နက်ကိုင်တဲ့ လူတွေရှိတယ်။လူနာတွေဆွဲပြီး တံခါးတွေ ပိတ်သွားတယ်။ ဘာညာဆိုတော့ ညနေစောင်းမှာ ဥက္ကဋ္ဌကြီး (ဗိုလ်ချုပ်နေ၀င်း)က ပြည်ထဲရေးဝန် ကြီးကို တကယ်လို့ ညမိုးချုပ်သွားရင် အဲဒီအပေါ်က ပစ်လား၊ ခတ်လားလုပ်ရင် တို့လူတွေသေမယ်။ အဲဒီတော့ အသေမခံနဲ့။ ရကွိုင်းလက်စ်ဂန်းနဲ့ သမဂ္ဂကို ပစ်ခိုင်းလိုက်တာ’’
(၁၉၈၈ ဇူလိုင် ၈ ရက် VOA နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသည့်စကား)
‘‘သမဂ္ဂမှာ ကျောင်းသားတွေက လက်နက်ကိုင်တဲ့ လူတွေရှိတယ်။လူနာတွေဆွဲပြီး တံခါးတွေ ပိတ်သွားတယ်။ ဘာညာဆိုတော့ ညနေစောင်းမှာ ဥက္ကဋ္ဌကြီး (ဗိုလ်ချုပ်နေ၀င်း)က ပြည်ထဲရေးဝန် ကြီးကို တကယ်လို့ ညမိုးချုပ်သွားရင် အဲဒီအပေါ်က ပစ်လား၊ ခတ်လားလုပ်ရင် တို့လူတွေသေမယ်။ အဲဒီတော့ အသေမခံနဲ့။ ရကွိုင်းလက်စ်ဂန်းနဲ့ သမဂ္ဂကို ပစ်ခိုင်းလိုက်တာ’’
(၁၉၈၈ ဇူလိုင် ၈ ရက် VOA နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသည့်စကား)
ကိုကျော်ကိုကို
(ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ)
‘‘သမဂ္ဂကို တရားမ၀င် အသင်းအဖွဲ့တစ်ခုအဖြစ် အသရေဖျက်ပြီး ဖျက်သိမ်းပစ်ရန် ကြိုးပမ်းနေမှုများကို တွေ့ရှိနေရပါတယ်။ ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်အား စစ်အာဏာရှင်တွေရက်စက်ကြမ်းကြုတ်ပရိယာယ်နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်ခံခဲ့ရတဲ့ ဆဲဗင်းဇူလိုင်နေ့ကို လေးစားထိုက်တန်စွာ ဂုဏ်ပြုဖို့ အားထုတ်ခဲ့ကြပါတယ်’’(ဆဲဗင်းဇူလိုင်ရွှေရတုနေ့အခမ်းအနားတွင် ပြောကြားခဲ့သည့်စကား)
(ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ)
‘‘သမဂ္ဂကို တရားမ၀င် အသင်းအဖွဲ့တစ်ခုအဖြစ် အသရေဖျက်ပြီး ဖျက်သိမ်းပစ်ရန် ကြိုးပမ်းနေမှုများကို တွေ့ရှိနေရပါတယ်။ ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်အား စစ်အာဏာရှင်တွေရက်စက်ကြမ်းကြုတ်ပရိယာယ်နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်ခံခဲ့ရတဲ့ ဆဲဗင်းဇူလိုင်နေ့ကို လေးစားထိုက်တန်စွာ ဂုဏ်ပြုဖို့ အားထုတ်ခဲ့ကြပါတယ်’’(ဆဲဗင်းဇူလိုင်ရွှေရတုနေ့အခမ်းအနားတွင် ပြောကြားခဲ့သည့်စကား)
No comments:
Post a Comment