‘အိပ်မက်ဆုံရာ
ရာသက်ပန်’ဟု အမည်ပြောင်းကျင်းပခဲ့သည့် ပထမဆုံးပြိုင်ပွဲတွင် ပရိသတ်များ
မျှော်လင့်ထားသည့်အတိုင်း ပြိုင်ပွဲ ဝင်တစ်ဦးဖြစ်သူ အောင်ထက်
ဆုရရှိခဲ့သည်။ ပွဲစဉ်တစ်လျှောက် အောင်ထက်ယှဉ်ပြိုင်ခဲ့သည့်
သီချင်းအများစုကို ဒိုင်များအပါ အဝင် ပရိသတ်များကလည်း
ကြိုက်နှစ်သက်ခဲ့ကြသောကြောင့် အောင်ထက် ဆုရနိုင်သည်ဟု လည်း
ခန့်မှန်းပေးခဲ့ကြသည်။ ထို့ ကြောင့် အိပ်မက်ဆုံရာ ရာသက် ပန်ဆု
ပူပူနွေးနွေးရရှိထားသည့် အောင်ထက်၏ ခံစားမှုများကို ပရိသတ်များအတွက်
ဖော်ပြပေး လိုက်ပါသည်။
‘အိပ်မက်ဆုံရာ ရာသက်ပန်’ဆုရ ခဲ့တာက အောင်ထက်ရဲ့ ဂီတခရီး အတွက် ခွန်အားတွေ ဘယ် လောက်ရခဲ့ပါသလဲ။
ဒီဆုရခဲ့တာက ကျွန်တော့် အတွက်တော့
အခုမှစလျှောက်ရ မယ့် ဂီတလမ်းမှာ လှေကားထစ် တစ်ခုကိုကောင်းကောင်းတက်
နိုင်ခဲ့တယ်လို့ထင်ပါတယ်။ ခွန် အားတွေတော့ အများကြီးရခဲ့ တယ်။
ကျွန်တော့်ကိုအားပေးတဲ့ လူတွေက ကျွန်တော့်အတွက် ခွန် အားဖြစ်စေခဲ့တယ်လို့
ပြောရမှာ ပေါ့။
အခုခေတ်မှာ အဆိုပြိုင်ပွဲတွေက နေ
ဆုရပြီး ပျောက်သွားတဲ့သူတွေ များတော့ အောင်ထက်ရဲ့ ရှေ့ ဆက်မယ့်ဂီတခရီးအတွက်
ဘာ တွေဆက်လုပ်သွားဖို့ရှိမလဲ။
ကျွန်တော့်အနေနဲ့ကတော့ အတတ်နိုင်ဆုံး
ဂီတကိုဆက်လုပ် နေမှာပဲ။ ဘယ်လိုအစီအစဉ်ဆွဲ ထားလဲဆိုတော့ လောလောဆယ်
ဒီမီဒီယာနဲ့ပဲ ဆက်သွားမယ်။ စာချုပ်တွေချုပ်သွားမယ်။ ဒီကြား ထဲမှာလည်း
ကျွန်တော့်ကြိုးစားမှု ကို အသိအမှတ်ပြုနေတဲ့သူတွေ နဲ့ အဆက်အသွယ်မပြတ်အောင်
သီချင်းတွေလုပ်သွားဖို့လည်းရှိ တယ်။ ပြီးတော့ ဖေ့စ်ဘွတ်ခ်မှာ လည်း Family
Group တွေရှိ တော့ ကျွန်တော့် Fan တွေနဲ့ အမြဲ တမ်းအဆက်အသွယ်မပြတ် အောင်
အစီအစဉ်တော့ဆွဲထား တယ်။ ဂီတပိုင်းနဲ့ပတ်သက်လို့က တော့ လိုအပ်တဲ့သင်တန်းတွေ
ဆက်တက်ရမယ်။ လိုအပ်တဲ့လေ့ လာမှုတွေဆက်လုပ်ရမယ်။
အောင်ထက်ဆုရမယ်လို့ ခန့်မှန်း
ပေးခဲ့ကြပေမယ့် နောက်ဆုံးပြိုင်ပွဲ မှာ ဂျေနဗီကလည်း ကောင်း
ကောင်းယှဉ်ပြိုင်နိုင်ခဲ့တာဆို တော့ ဆုမကြေညာခင်အချိန်ထိ
ဘယ်လောက်ရင်ခုန်ခဲ့ပါသလဲ။
ဆုမကြေညာခင်အချိန်ထိ
ရင်ခုန်နေတာတော့အမှန်ပဲ။ ဒါပေမဲ့ ဆုရမယ်၊ မရမယ်ကို ရင်ခုန် တာတော့မဟုတ်ဘူး။
အားပေးမှု ကြောင့် ရင်ခုန်တာ။ အဲဒီလိုတော့ ဖြစ်ခဲ့တယ်။ ဘယ်သူရမယ်၊ မရ
မယ်နဲ့ပတ်သက်ပြီးတော့ ရင်မခုန် ခဲ့ဘူး။ အဲဒါတော့ အမှန်ပဲ။
နောက်ဆုံးပြိုင်ပွဲမှာ ပြိုင်ပွဲဝင်
တွေ တော်တော်များများရဲ့ ဖျော် ဖြေမှုအစီအစဉ်ကို ဝေဖန်မှုတွေရှိ ခဲ့တာက
ဘာကြောင့်လို့ထင်လဲ။ အောင်ထက်ကိုယ်တိုင်ကော ပရိသတ်တွေရှေ့မှာ တိုက်ရိုက်
ဖျော်ဖြေခွင့်ရခဲ့တာ ဘယ်လောက်စိတ်လှုပ်ရှားခဲ့ရလဲ။
ကျွန်တော်တို့အတွက်
သီချင်းတိုက်တဲ့အချိန်က သေချာ ကျကျနနလုပ်ခဲ့ရတာမဟုတ်ဘူး လေ။
ကြားထဲမှာရတဲ့အချိန်လေး မှာ ကြိုးစားပမ်းစားသီချင်းတိုက် ခဲ့ရတာဆိုတော့
အမှားအယွင်း လည်းဖြစ်ရင်ဖြစ်မှာပေါ့။ ကျွန် တော်တို့အားလုံးကတော့
တကယ်ကြိုးစားကြတာအမှန်ပဲ။ သီချင်းတွေကိုစီစဉ်ပေးတဲ့ ဆရာ တွေကလည်း
ကြိုးစားပမ်းစားနဲ့ ဒီရက်ပိုင်းမှာ တစ်ရက်မှမနားဘဲ ဖိုင်နယ်မှာ
ပရိသတ်ရှေ့မှာ အကောင်းဆုံးဖျော်ဖြေနိုင်ဖို့ အား လုံးကြိုးစားခဲ့ကြတယ်။
ဝေဖန်မှု တွေရှိသလို ချီးကျူးမှုတွေလည်း ရှိကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်
ကျွန်တော့်အထင်ကတော့ ကျွန် တော်တို့မှာ ကျကျနနတိုက်ဖို့ အချိန်မရတာ၊
တကယ်လို့ အချိန် ရခဲ့ရင် အားလုံးတစ်သားတည်း ဖြစ်ပြီး
အကောင်းဆုံးဖျော်ဖြေနိုင် မယ်လို့ထင်တယ်။ အားလုံးရဲ့ ရှေ့မှာ
တိုက်ရိုက်ဖျော်ဖြေခွင့်ရခဲ့ တော့ အားလုံးရဲ့အားပေးမှုက လည်း
တိုက်ရိုက်ပဲလေ။ အဲဒီ အတွက် အရမ်းပျော်တယ်။ ကိုယ် တိုင်လည်း အားရအောင်
ဖျော် ဖြေနိုင်ခဲ့တယ်လို့ထင်ပါတယ်။
ပရိသတ်တွေက ကိုယ့်နာမည်ကို သံပြိုင်အော်ပြီးအားပေးတဲ့အချိန် မှာကော ဘယ်လိုခံစားရလဲ။
ဖြစ်ချင်တော့ ကျွန်တော်က
နောက်ဆုံးဖျော်ဖြေရတယ်။ အဲဒီ တော့ ကျွန်တော့်နာမည်ကို စည်း ချက်ကျကျ
လက်ခုပ်တွေတီးပြီး အော်ပေးကြတယ်။ စိတ်ထဲမှာ အရမ်းပျော်တယ်။ အရမ်းလည်း
ပီတိဖြစ်တယ်။ အဲဒီခံစားမှုက ဘယ်လိုခံစားမှုဆိုတာ ဘယ်လို
ပြောလို့ပြောရမှန်းတောင်မသိ ဘူး။
ပြိုင်ပွဲမှာ ဆုအနေနဲ့ သိန်းသုံးရာ
ကျော်တန်ကားရခဲ့တာဆိုတော့ ကိုယ်တိုင်ကော ကားမောင်းတတ် လား။ မနေ့က
အိမ်အပြန်ကိုဆုရ တဲ့ကားနဲ့အတူပြန်ခဲ့တာလား။
ကျွန်တော် ကားမမောင်း တတ်သေးဘူး။
မနေ့က ကားနဲ့ ရိုက်ကူးရေးလုပ်တယ်။ ကားက ချက်ချင်းမောင်းလို့အဆင်မပြေ
သေးဘူးလေ။ ကားနဲ့ပတ်သက်လို့ မပြီးသေးတာတွေရှိတော့ အဲဒီ အတွက် စီစဉ်ရဦးမယ်။
ကား မောင်းတာကိုတော့ အခုမှစပြီး သင်ရမှာ။ ကျွန်တော့်အစ်ကိုရဲ့ ကားနဲ့
သင်ဖို့စီစဉ်ထားတယ်။
ခြောက်လလုံးလုံး အတူပြိုင်ပွဲဝင် ခဲ့ရတဲ့ ဆုမရခဲ့တဲ့ ရဲဘော်ရဲဘက် ပြိုင်ပွဲဝင်တွေကိုကော ဘယ်လို အားပေးစကားမျိုးပြောချင်ပါသလဲ။
ရင်ထဲမှာရှိတဲ့ ကျွန်တော်
ကိုယ်တိုင်လည်း ကျင့်သုံးနေတဲ့ စကားလေးနဲ့ပဲအားပေးပါရစေ။ ရည်ရွယ်ထားတဲ့
ဂီတလမ်းကို လုပ်ဖို့ ဘယ်လိုအခက်အခဲပဲရှိရှိ ကျော်ဖြတ်ပါ။ ဘယ်လိုအခက်
အခဲပဲရှိရှိ ဆက်လုပ်ပါ။ ကိုယ် ရည်ရွယ်ထားတဲ့အရာကို ပြီး
မြောက်အောင်မြင်အောင်လုပ် စေချင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဂီတကို
တကယ်မြတ်နိုးတယ်၊ တကယ်ချစ်တယ်၊ တကယ်လုပ် ဖို့ရည်ရွယ်ထားတယ်ဆိုရင်တော့
ဆက်လုပ်စေချင်တယ်။
ဒီပြိုင်ပွဲကနေ ဆုရတဲ့ သုံးယောက် ကို အခွေထုတ်ပေးမှာဆိုတော့ သီချင်းသစ်တွေကို ကိုယ်တိုင်ဖန် တီးသွားဖို့ အစီအစဉ်ရှိလား။
အဲဒါကတော့ ဘယ်လိုစီစဉ် မလဲမသိသေးဘူး။ ဆရာတွေရေး တဲ့ သီချင်းတွေကတော့ ပါမှာသေ ချာတယ်။ ကျွန်တော်ရေးတဲ့ သီချင်းလည်းပါရင်ပါမှာပေါ့။
အောင်ထက်ရဲ့ အမာခံပရိသတ် တွေနဲ့ ပြိုင်ပွဲပြီးပြီးချင်းနောက်နေ့ မှာ အလှူသွားလုပ်ဖြစ်တာက ကော အရင်ကတည်းက စီစဉ် ထားတာလား။
ကျွန်တော့် Fan တွေနဲ့ ဒီပွဲ ပြီးရင်
သွားကြဖို့စီစဉ်ထားတာ။ ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ် စေ ဒီပွဲပြီးရင် ပရဟိတတွေ
လျှောက်လုပ်ကြမယ်ဆိုပြီး စီစဉ် ထားတာ။ ဘယ်နေရာလှူမယ်ဆို တာကတော့
သူတို့စီစဉ်တာ။ အလှူသွားလှူဖို့ ပြောထားတာက အရင်ကတည်းက။ ဒီနေ့က ဇူလိုင် ၆
ရက် သဘာဝဘိုးဘွားရိပ်သာ ရယ်၊ သီလဝါမိဘမဲ့ကလေး ကျောင်းရယ်၊
ဒဂုံဆိပ်ကမ်းဘိုး ဘွားရိပ်သာရယ်မှာ သွားလှူဖြစ် တယ်။ ဇူလိုင် ၁၂
ရက်နေ့ကျရင် လည်း မိဘမဲကျောင်းတွေမှာ လည်း သွားလှူဖို့ရှိသေးတယ်။
ပြိုင်ပွဲတစ်လျှောက်အားပေးခဲ့ သလို
နောက်ဆုံးပြိုင်ပွဲမှာလည်း အောင်ထက်ရဲ့ နာမည်ကိုသံပြိုင်
အော်ပြီးအားပေးနေတဲ့ ပရိသတ် တွေအတွက် စကားလက်ဆောင် လေးပြောပေးပါဦး။
ကျွန်တော့်ကိုအားပေးနေတဲ့ မိသားစုဝင်
ညီအစ်ကို၊ မောင်နှမ၊ သူငယ်ချင်း၊ မိတ်ဆွေများအားလုံး ကို
ပရိသတ်လို့မဆိုလိုပါရစေနဲ့။ အားလုံးက ကျွန်တော့်ရင်ထဲမှာ ရင်းနှီးတဲ့သူတွေ။
အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်ထပ် လည်း အမြဲတမ်း ဒီအသိအမှတ်
ပြုမှုလေးကို တည်မြဲစေချင်ပါ တယ်။ တည်မြဲဖို့လည်းမျှော်လင့် ပါတယ်။
ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment