တောင်ကိုရီးယားအဆိုတော်ဘိုအာ၏
နာမည်ကျော် သီချင်းတစ်ပုဒ်ဖြစ်သော No.1ကိုရေးစပ်သီကုံးခဲ့သည့်
တေးရေးဆရာမကင်ယောင်အာသည် (၁၃) နှစ်ကြာမှ ယင်းသီချင်းမူပိုင်ခကိုရရှိခဲ့သည်။
ကင်ယောင်အာနှင့် UniversalMusic Korea
ကုမ္ပဏီတို့ အမှုတွင် ကင်ယာအာက၎င်းသည် No.1 သီချင်း၏တေးရေးဆရာဖြစ်ခြင်းကို
အတည်ပြုရန် ၂၀၁၂ တွင် Universal Music Korea ကုမ္ပဏီကို တရားစွဲခဲ့၍တောင်
ကိုရီးယားနိုင်ငံတော် တရားရုံးချုပ်က ဇူလိုင် ၆ရက်တွင်
အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။ ကင်ယောင်အာသည် No.1 တေး သီချင်းကို
၂၀၀၂တွင်ရေးစပ်ပေးခဲ့ခြင်းဖြစ်သည်။
တရားရုံးချုပ်ဆုံးဖြတ်ချက်အရ
ကင်ယောင်အာသည် No.1 သီချင်းမူပိုင်ခအဖြစ် ကိုရီးယား ဝမ် ၄၅ သန်း (ကန်ဒေါ်လာ
၄၀,၀၀၀ခန့်)နှင့် မူပိုင်ခပြဿနာကြောင့် စိတ်ပိုင်းဆိုင်ရာ နစ်နာကြေးအဖြစ်
ကိုရီးယားဝမ် ငါးသန်း (ကန်ဒေါ်လာ ၄,၄၀၀)ခန့် ရရှိမည်ဖြစ်သည်။
ယင်းတေးသီချင်းကို
နော်ဝေးတေးရေးဆရာဂစ်ဂီက ရေးစပ်သီကုံးသည်ဟု Universal Music Korea ကုမ္ပဏီက
ကိုရီးယားတေးဂီတ မူပိုင်ခွင့်အဖွဲ့သို့ စာရင်းတင်ခဲ့ပြီးနောက်ပိုင်း
ကင်ယောင်အာက တရားစွဲလိုက်ခြင်းဖြစ်သည်။
၂၀၀၂ ဧပြီ ၁၄ ရက်တွင်ထွက်ရှိသော ဘိုအာ၏ ယင်းတေးအယ်လ်ဘမ်၌ ထိုသီချင်းအပါအဝင် တေးသီချင်း ၁၆ ပုဒ် ပါဝင်ခဲ့သည်။
Ref: Soompi
No comments:
Post a Comment