မြေပဲဆီအမည်ခံ
ရော နှောဆီများကြောင့် မြန်မာနိုင်ငံ အတွင်းရှိ ဆီစက်အများစု လုပ်
ငန်းရပ်ဆိုင်းထားရကြောင်း ဆီ စက်လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
ဇူလိုင် ၅ ရက်က မန္တလေး မြို့ရှိ
အောင်မြင်ခြင်းဟိုတယ်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံတစ် ဝန်းရှိ
ဆီစက်လုပ်ငန်းရှင်များ အလုပ်ရုံဆွေးနွေးပွဲ၌ ဆီစက် လုပ် ငန်းရှင်များက
ယင်းသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
စားအုန်းဆီကို မြေပဲဆီ အနံ့ထည့်ကာ
ပဲဆီသန့်အဖြစ် ရောင်းချမှုများကြောင့် သုံးနှစ် အတွင်း ဆီစက်အများစု
လုပ်ငန်း ရပ်ဆိုင်းထားရပြီး မြန်မာနိုင်ငံရှိ ဆီစက်လုပ်ငန်းသုံးထောင်ကျော်
တွင် ၁၀ ရာခိုင်နှုန်းခန့်ပင် လုပ်ငန်း မလည်ပတ်နိုင်တော့ကြောင်း
ရန်ကုန်တိုင်းဒေသကြီးမှ ဧရာဝတီဆီစက်လုပ်ငန်းပိုင်ရှင် ဦးခင်စိုးက ပြောသည်။
အရောအနှောဆီများကို ဘူးတွင်
တံဆိပ်ကပ်၍ ပဲဆီအသန့် ကဲ့သို့ ဈေးကွက်အတွင်း ရောင်းချ နေမှုများအပေါ်
ထိရောက်စွာအရေးယူပေးရန်နှင့် ရောနှောဆီ များရောင်းချသည့် ဆိုင်များကို လည်း
ဥပဒေအတိုင်း ထိရောက် စွာဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း
မန္တလေးတိုင်းဒေသကြီး ဆီစက်လုပ်ငန်းရှင်များ အသင်း ဒုဥက္ကဋ္ဌ ဦးအောင်ကျော်
ကျော်က ပြောသည်။
မြန်မာနိုင်ငံအတွင်း စားသုံး ဆီများ၏
၈၅ ရာခိုင်နှုန်းမှာ ရော နှောဆီများဖြစ်ပြီး ပြည်တွင်းမှ
ထုတ်လုပ်သည့်ပဲဆီသန့်များမှာ ဈေးကွက်ယှဉ်ပြိုင်နိုင်ခြင်းမရှိ ကြောင်း၊
ဆီဈေးကွက်ကို ဖျက် ဆီးနေသည့် မသမာသောနည်း ဖြင့် ရောင်းချနေကြသူများနှင့်
အရည်အသွေးမမီသော စားအုန်း ဆီနှင့် စားသုံးဆီများ ဝင်ရောက် နေမှုကို
နိုင်ငံတော်က အထူး ကြပ်မတ်စစ်ဆေးပေးစေလို ကြောင်း ဒုဥက္ကဋ္ဌက ဆက်လက်ပြောသည်။
ဆီစက်လုပ်ငန်းများ ရပ်
ဆိုင်းထားရမှုကြောင့် ပဲဖတ်၊ နှမ်း ဖတ်များရှားပါးလာပြီး
တိရစ္ဆာန်အစာရှားပါးမှု ကြုံတွေ့နေရကာ အိန္ဒိယနိုင်ငံဘက်မှ
ပြန်လည်ဝယ်ယူနေရကြောင်း မန္တလေးတိုင်း ဆီစက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ
ဦးကိုကြီးက ပြောသည်။
အရည်အသွေး ကောင်း သည့်
စားအုန်းဆီများတင်သွင်း ရန် လိုအပ်နေပြီး ကုန်သည်များ အနေဖြင့် တာဝန်ယူမှု၊
တာဝန်ခံ မှုရှိရန် လိုအပ်ကြောင်း မန္တလေး ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စား
သုံးသူကာကွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဆွေ တင့်ကြူးက ပြောသည်။
ကျန်းမာရေးအတွက်စိုးရိမ်စရာပါ
ReplyDelete